ယေဇကျေလ 45:4 - Myanmar Common Language Zawgyi Version4 ဗိမာန်တော်တွင်ထာဝရဘုရား၏ထံတော် သို့ချဉ်းကပ်၍ အမှုတော်ကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်သီးသန့်ထားရာ သန့်ရှင်းမြင့်မြတ်သည့်ဌာနပါရှိ၍ သူတို့ နေထိုင်ရန်အိမ်များရှိရာအပိုင်းနှင့်ဗိမာန် တော်တည်ရှိရာအပိုင်းပါရှိလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရားထံအမှုတော်ကိုထမ်းဆောင်ဖို့လာသော၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ ထိုမြေသည် ယဇ်ပုရောဟိတ်တို့ နေစရာအိမ်ဆောက်ရာမြေ၊ သန့်ရှင်းရာဌာနတည်ရာသန့်ရှင်းသောမြေ ဖြစ်ရမည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကိုဆောင်ခြင်းငှာ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ သူတို့အိမ်ဆောက်စရာနှင့် သန့်ရှင်းရာဌာန တည်စရာဖို့ သန့်ရှင်းသောမြေဖြစ်ရမည်။ အခန်းကိုကြည့်ပါ။ |
မြောက်ဘက်သို့မျက်နှာမူလျက်ရှိသည့်အခန်း သည် ယဇ်ပလ္လင်ဆိုင်ရာအမှုကိုဆောင်ရွက်ရသူ ယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်းငါ့ အားပြောပြလေသည်။ ထိုယဇ်ပုရောဟိတ် အားလုံးတို့သည် ဇာဒုတ်မှဆင်းသက်လာ သူလေဝိအနွယ်ဝင်များဖြစ်ကြသည်။ သူ တို့သည်သာလျှင်ထာဝရဘုရား၏ရှေ့ တော်မှောက်သို့ဝင်၍ အမှုတော်ကိုဆောင် ရွက်ခွင့်ရရှိကြသတည်း။