ယေဇကျေလ 43:3 - Myanmar Common Language Zawgyi Version3 ဤဗျာဒိတ်ရူပါရုံသည်ယေရုရှလင်မြို့ ကိုဖျက်ဆီးတော်မူရန်ထာဝရဘုရား ကြွလာတော်မူချိန်၌ငါမြင်ခဲ့ရသော ဗျာဒိတ်ရူပါရုံနှင့်ခေဗာမြစ်အနီး၌ ငါမြင်ခဲ့ရသောဗျာဒိတ်ရူပါရုံတို့နှင့် တူ၏။ သို့ဖြစ်၍ငါသည်မြေပေါ်သို့ဝမ်း လျားမှောက်လှဲချပျပ်ဝပ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ငါမြင်ရသောဗျာဒိတ်အာရုံသည် ဘုရားသခင်က မြို့ကိုလာဖျက်ဆီးမည်ဟု မိန့်ဆိုခဲ့စဉ်က မြင်ခဲ့ရသော ဗျာဒိတ်အာရုံနှင့်တူ၏။ ထိုဗျာဒိတ်အာရုံသည် ခေဗာမြစ်နား၌ ငါမြင်ခဲ့သော နိမိတ်အာရုံနှင့်လည်းတူ၏။ ထိုအခါ ငါပျပ်ဝပ်လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 ငါမြင်သော ရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်းငှာ လာသောအခါ၊ ငါမြင်သော ရူပါရုံနှင့်တူ၏။ ထင်ရှားသောအရာတို့သည် ခေဗာမြစ်နားမှာ ငါမြင်ဖူးသော အရာများကဲ့သို့ဖြစ်၍၊ ငါသည် ပျပ်ဝပ်လျက်နေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါဣသရေလအမျိုးသားတို့ ကိုး ကွယ်သောဘုရားသခင်၏တောက်ပသော ဘုန်းအသရေတော်သည် ကျိန်းဝပ်တော်မူ ရာခေရုဗိမ်များမှလျှံတက်လျက်ဗိမာန် တော်အဝင်ဝသို့ရွေ့လျားသွားတော်မူ၏။ ထာဝရဘုရားသည်ပိတ်ချောထည်ကိုဝတ် ဆင်ထား၍ စာရေးကိရိယာကိုယူဆောင် လာသူအားခေါ်တော်မူ၍၊-