ယေဇကျေလ 4:13 - Myanmar Common Language Zawgyi Version13 ထာဝရဘုရားက``ငါသည်ဣသရေလ အမျိုးသားတို့အား တစ်ပါးနိုင်ငံများသို့ ပြန့်လွင့်စေသောအခါ သူတို့သည်ပညတ် တရားကတားမြစ်ထားသည့် မသန့်စင် သောအစားအစာများကိုဤသို့စားရ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်13 ထာဝရဘုရားက “အစ္စရေးအမျိုးသားတို့ကို ငါနှင်ထုတ်၍ သူတို့ရောက်ရှိရာ လူမျိုးခြားတို့အလယ်တွင် သူတို့သည် မစင်ကြယ်သောအစာကို စားရမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version13 ထိုသို့ ငါနှင်ထုတ်ရာအရပ်၊ တစ်ပါးအမျိုးသားတို့နေရာ၌၊ ဣသရေလအမျိုးတို့သည် ညစ်ညူးသောမုန့်ကို စားရကြမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုသို့ဆိုသောကြောင့်သင့်ကိုထာဝရ ဘုရားက ဤသို့မိန့်တော်မူပြီ။ `သင်၏ မယားသည်ပြည့်တန်ဆာဘဝသို့ရောက် သွားရမည်။ သင်၏သားသမီးများသည် လည်းစစ်ပွဲ၌ကျဆုံးရလိမ့်မည်။ သင်ပိုင် သောမြေယာများကိုခွဲဝေကာသူတစ်ပါး လက်သို့ပေးအပ်လိုက်မည်။ သင်ကိုယ်တိုင်သည် မိစ္ဆာနိုင်ငံတစ်ခု၌သေဆုံးရမည်။ ဣသရေလ ပြည်သားသည်မိမိတို့နေရင်းနိုင်ငံမှ တိုင်း တစ်ပါးသို့ချုပ်နှောင်သွားခြင်းကိုခံရ ကြမည်' ''ဟုအာမဇိအားပြန်၍ဆို လိုက်၏။