ယေဇကျေလ 20:16 - Myanmar Common Language Zawgyi Version16 ယင်းသို့ကျိန်ဆိုရခြင်းအကြောင်းမှာသူတို့ သည် မိမိတို့၏ရုပ်တုကိုးကွယ်မှုကိုပိုမို နှစ်သက်ကြလျက် ငါ၏အမိန့်တော်တို့ကို ပစ်ပယ်ကာငါ၏ပညတ်တော်တို့ကိုချိုး ဖောက်၍ ဥပုသ်နေ့ကိုမရိုမသေပြုကြ သောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်16 သူတို့သည် ရုပ်တုများနောက်သို့ စိတ်ပါသွားကြသောကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်၊ ဥပုသ်နေ့ကိုလည်း ညစ်ညူးစေကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 အကြောင်းမူကား၊ သူတို့သည် ရုပ်တုများကိုငဲ့ကွက်သောကြောင့်၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သူတို့သည်ငါ့အားအာခံကာငါ၏စကား ကိုနားမထောင်ဘဲနေကြ၏။ သူတို့သည်မိမိ တို့မြတ်နိုးသည့်စက်ဆုပ်ဖွယ်ကောင်းသောရုပ် တုများနှင့် အီဂျစ်ဘုရားများကိုမစွန့်ကြ။ ငါသည်သူတို့အားအီဂျစ်ပြည်တွင်ငါ၏ အမျက်ဒေါသကိုသူတို့အပေါ်သို့သွန်း လောင်း၍ အမျက်တော်ဒဏ်ကိုအပြည့် အဝခံကြစေရန်အကြံရှိခဲ့၏။-