Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 8:24 - Myanmar Common Language Zawgyi Version

24 ထာ​ဝ​ရ​ဘု​ရား​သည်​မှက်​ကောင်​အုပ်​ကြီး​များ ကို​ဘု​ရင်​၏​နန်း​တော်၊ မှူး​မတ်​တို့​၏​အိမ်​များ နှင့်​အီ​ဂျစ်​တစ်​ပြည်​လုံး​သို့​စေ​လွှတ်​တော်​မူ ၏။ မှက်​ကောင်​များ​ကြောင့်​တိုင်း​ပြည်​ပျက် ရ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 ထာဝရဘုရား​သည် ထိုအတိုင်း​ပြု​တော်မူ​သဖြင့် မြောက်မြား​စွာ​သော​ယင်ရဲ​တို့​သည် ဖာရော​မင်းကြီး​၏​နန်းတော်​မှစ၍ သူ့​အမှုထမ်း​တို့​၏​အိမ်​များ​နှင့် အီဂျစ်​ပြည်​အနှံ့ ဝင်ရောက်​ကြ​၏​။ ယင်ရဲ​များ​ကြောင့် တစ်ပြည်လုံး​သည် ပျက်စီး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

24 ထို​သို့​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သ​ဖြင့်၊ အ​လွန်​ကြမ်း​တမ်း​သော ယင်​ရဲ​တို့​သည်၊ ဖာ​ရော​ဘု​ရင်​အိမ်​အ​စ​ရှိ​သော သူ၏​ကျွန်​တို့​အိမ်၊ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ ရောက်​လာ၍၊ ထို​ယင်​ရဲ​တို့​ကြောင့် အဲ​ဂု​တ္တု​ပြည်​ပျက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 8:24
6 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါ ငှက်​နှင့်​ယင်​ရဲ​တို့​သည်​တစ်​ပြည်​လုံး​သို့ အုပ်​လိုက်​ရောက်​ရှိ​လာ​ကြ​ကုန်​၏။


ကိုယ်​တော်​သည်​သူ​တို့​အား​အ​တိ​ဒုက္ခ​ပေး​သည့် ယင်​ရဲ​များ​ကို​လည်း​ကောင်း၊ သူ​တို့​၏​လယ်​ယာ​များ​ကို​ဖျက်​ဆီး​ကြ​သည့် ဖား​များ​ကို​လည်း​ကောင်း​သူ​တို့​ထံ​သို့​စေ လွှတ်​တော်​မူ​၏။


အီ​ဂျစ်​ပြည်​သား​တို့​သည်​ဖား​သေ​ကောင်​များ ကို​စု​ပုံ​ထား​ကြ​ရာ​တစ်​ပြည်​လုံး​တွင်​နံ​စော် လျက်​ရှိ​လေ​၏။-


သွား​ခွင့်​မ​ပြု​လျှင်​သင်​နှင့်​သင်​၏​မှူး​မတ် ပြည်​သူ​တို့​ထံ​သို့​မှက်​ကောင်​များ​ကို​ငါ စေ​လွှတ်​မည်။ အီ​ဂျစ်​ပြည်​သား​တို့​၏​အိမ် များ​နှင့်​မြေ​တစ်​ပြင်​လုံး​ကို​မှက်​ကောင် များ​ဖြင့်​ပြည့်​စေ​မည်။-


ငါ​သည်​ငါ​၏​လူ​မျိုး​တော်​နှင့်​သင်​၏​လူ​မျိုး ကို​ခြား​နား​၍​ထား​မည်။ ဤ​နိ​မိတ်​လက္ခ​ဏာ ကို​နက်​ဖြန်​နေ့​တွင်​ငါ​ပြ​မည်' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ပြော​လော့'' ဟူ​၍ မိန့်​တော်​မူ​သည်။-


ဖား​တို့​သည်​သင်​နှင့်​သင်​၏​မှူး​မတ်၊ ပြည်​သူ​တို့ အ​ပေါ်​သို့​ခုန်​တက်​ကြ​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ