Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 39:41 - Myanmar Common Language Zawgyi Version

41 သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရာ​၌ ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ထည် ဝါ​သော​အ​ဝတ်​တန်​ဆာ​များ၊ အာ​ရုန်​နှင့် သား​များ​ဝတ်​ဆင်​ရန်​သန့်​ရှင်း​သော​အ​ဝတ် တန်​ဆာ​များ​ကို​လည်း​ကောင်း၊ မော​ရှေ​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

41 သန့်ရှင်း​ရာ​ဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရာ​တွင်​ဝတ်ဆင်​သော​ရက်ထည်​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အာရုန်​အတွက်​သန့်ရှင်း​သော​အဝတ်တန်ဆာ​များ​၊ ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​များ​ကို​လည်းကောင်း မောရှေ​ထံသို့ ယူဆောင်​လာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

41 သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​သော​အ​ခါ ဝတ်​ရ​သော​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်၊ သူ၏​သား ဝတ်​ရ​သော​အ​ဝတ်​ကို​လည်း​ကောင်း

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 39:41
7 ပူးပေါင်းရင်းမြစ်များ  

သင့်​အစ်​ကို​အာ​ရုန်​အ​တွက်​ခန့်​ညား​ထည်​ဝါ သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချုပ်​လုပ်​ပေး ရ​မည်။-


ရင်​ဖုံး​မှ​ကွင်း​များ​ကို​သင်​တိုင်း​မှ​ကွင်း​များ နှင့်​ကြိုး​ပြာ​ဖြင့်​ချည်​ထား​သ​ဖြင့်၊ ရင်​ဖုံး​သည် လျှော​မ​ကျ​ဘဲ​ရင်​စည်း​အ​ထက်​တွင်​တည်​မြဲ နေ​မည်။


``အာ​ရုန်​၏​သား​များ​ဝတ်​ဆင်​ရန်​ထည်​ဝါ​ခန့် ညား​သော​အင်္ကျီ၊ ခါး​ပန်း​နှင့်​ဦး​ထုပ်​ရှည်​များ ကို​ချုပ်​ပေး​ရ​မည်။-


အာ​ရုန်​နှင့်​သူ​၏​သား​များ​ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​ဆောင်​ရွက်​ရာ​၌ ဝတ်​ဆင်​ရန်၊ ထည် ဝါ​သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊-


သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​တော်​ဆောင် ရ​မည့် ယဇ်​ပု​ရော​ဟိတ်​များ​ဝတ်​ဆင်​ရန်​ခန့် ညား​ထည်​ဝါ​သော​အ​ဝတ်​တန်​ဆာ​များ​ကို သူ​တို့​သည် အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ ရောင်​သိုး​မွေး​ဖြင့်​ချုပ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း အာ​ရုန်​အ​တွက်​ယဇ်​ပု​ရော​ဟိတ်​တို့​၏ အဝတ်​တန်​ဆာ​များ​ကို​ချုပ်​ကြ​၏။


တဲ​တော်​ဝင်း​အ​တွက်​ကန့်​လန့်​ကာ​များ၊ တိုင် များ​နှင့်​အောက်​ခြေ​ခံ​များ၊ တဲ​တော်​ဝင်း တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​နှင့်​ကြိုး​များ၊ တဲ​တော်​ကြက်​ဆူး​များ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် အ​တွင်း​ဆောင်​ရွက်​ခြင်း​ဆိုင်​ရာ​ပစ္စည်း​ရှိ သ​မျှ​ကို​လည်း​ကောင်း၊-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝရ ဘု​ရား​က မော​ရှေ​အား​မိန့်​တော်​မူ​သ​မျှ တို့​ကို​လုပ်​ဆောင်​ပြီး​စီး​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ