Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက်ရာ 26:7 - Myanmar Common Language Zawgyi Version

7 ``တဲ​တော်​အ​မိုး​အ​တွက်​အ​ထည်​တစ်​ဆယ့် တစ်​ထည်​ကို ဆိတ်​မွေး​နှင့်​ရက်​လုပ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို​ဖုံးအုပ်​ရန် ဆိတ်မွေး​ရွက်ထည်​တဲ​အတွက် ရွက်ထည် တစ်ဆယ့်တစ်​ထည်​ကို လုပ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

7 တဲ​တော်​ဖုံး​အုပ်​ဖို့ အ​ခြား​သော​ကု​လား​ကာ ဆယ်​တစ်​ထည်​ကို ဆိတ်​မွေး​နှင့်​လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက်ရာ 26:7
18 ပူးပေါင်းရင်းမြစ်များ  

မင်း​သ​မီး​သည်​နန်း​တွင်း​သို့​ရောက်​လေ​ပြီ။ သူ​သည်​အ​လွန်​လှ​ပ​တင့်​တယ်​ပါ​သည်​တ​ကား။ သူ​၏​ဝတ်​လဲ​တော်​ကို​ရွှေ​ချည်​ဖြင့် ရက်​လုပ်​ထား​ပေ​သည်။


ပိတ်​ချော၊ သိုး​မွေး​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်၊ ဆိတ်​မွေး​အ​ထည်၊-


``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ချည်​ချော၊ သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​တို့​နှင့်​ရက် သော​ကန့်​လန့်​ကာ​ဆယ်​ခု​ဖြင့်​ပြု​လုပ်​လော့။ ထို ကန့်​လန့်​ကာ​များ​တွင် ခေ​ရု​ဗိမ်​ရုပ်​များ​ပန်း ပေါက်​ဖော်​ထား​ရ​မည်။-


ပို​နေ​သည့်​အ​ထည်​တစ်​ဝက်​ကို​တဲ​တော်​နောက် မှာ​တွဲ​ကျ​စေ​ရ​မည်။-


``အ​မိုး​နှစ်​ထပ်​ထပ်​မံ​၍​ပြုလုပ်​ရ​မည်။ တစ် ထပ်​ကို​အ​နီ​ရောင်​ဆိုး​သော​သိုး​ထီး​သား​ရေ ဖြင့်​ပြု​လုပ်​ရ​မည်။ အ​ပေါ်​ဆုံး​အ​ထပ်​ကို သား​ရေ​ချော​ဖြင့်​ပြု​လုပ်​ရ​မည်။


ကန့်​လန့်​ကာ​နှစ်​စုံ​ကို​တစ်​ခု​တည်း​ဖြစ်​စေ​ရန် ဆက်​ရ​မည့်​ရွှေ​ချိတ်​ငါး​ဆယ်​ကို​ပြုလုပ်​လော့။


တစ်​ထည်​လျှင်​အ​လျား​တစ်​ဆယ့်​ငါး​ကိုက်၊ အ​နံ​နှစ်​ကိုက်​စီ​ရှိ​စေ​ရ​မည်။-


အ​ထည်​ငါး​ထည်​ကို​တစ်​စပ်၊ အ​ခြား​ခြောက် ထည်​ကို​တစ်​စပ်​ချုပ်​ရ​မည်။ ဆ​ဋ္ဌ​မ​အ​ထည် ကို​တဲ​တော်​ဦး​၌​ခေါက်​တင်​ထား​ရ​မည်။-


အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော၊ ဆိတ်​မွေး​ထည်၊ အ​နီ​ဆိုး​သိုး​ထီး​သား ရေ၊ သား​ရေ​ချော​ပိုင်​ရှင်​အ​ပေါင်း​တို့​သည်၊ ထို ပစ္စည်း​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။-


ပိတ်​ချော၊ အ​ပြာ​ရောင်​သိုး​မွေး၊ ခ​ရမ်း​ရောင် သိုး​မွေး၊ အ​နီ​ရောင်​သိုး​မွေး၊ ဆိတ်​မွေး​အ​ထည်၊-


ထို​နောက်​ဇိ​အုန်​တောင်​တော်​နှင့်​ထို​အ​ရပ်​တွင် စု​ရုံး​လျက်​နေ​သော​သူ​အ​ပေါင်း​တို့​အ​ပေါ် သို့ ထာ​ဝ​ရ​ဘု​ရား​သည်​နေ့​အ​ချိန်​၌​မိုး​တိမ်၊ ညဥ့်​အ​ချိန်​၌​မီး​ခိုး​နှင့်​မီး​တောက်​မီး​လျှံ စေ​လွှတ်​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​သည် တစ်​မြို့​လုံး​ကို​လွှမ်း ခြုံ​လျက်​ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​ပေ​အံ့။-


သူ​တို့​သည်​တဲ​တော်​နှင့်​ဆိုင်​သော​အ​တွင်း​အ​မိုး၊ အ​ပြင်​အ​မိုး၊ တံ​ခါး​ဝ​ရှိ​ကန့်​လန့်​ကာ၊-


သင်​တို့​၏​အ​ဝတ်​အင်္ကျီ​များ​နှင့်​သား​ရေ၊ ဆိတ်​မွေး​သို့​မ​ဟုတ်​သစ်​သား​ဖြင့်​ပြု​လုပ် သော​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​သန့်​စင် စေ​ရ​မည်'' ဟု​ဆို​၏။


မိ​မိ​တို့​အ​တွင်း​စိတ်​နှ​လုံး​နှင့်​ဆိုင်​သော နူး​ညံ့​သိမ်​မွေ့​သည့်​သ​ဘော​တည်း​ဟူ​သော ထာ​ဝ​စဉ်​လှ​ပ​မှု​ပေါ်​တွင်​တည်​စေ​ကြ​လော့။ ယင်း​လှ​ပ​မှု​သည်​ဘု​ရား​သ​ခင်​ရှေ့​တော် မှောက်​၌၊ အ​လွန်​အ​ဖိုး​ထိုက်​ပေ​သည်။-


ထို​နည်း​တူ​စွာ​သင်​တို့​လူ​ငယ်​လူ​ရွယ်​များ​သည် လူ​ကြီး​တို့​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ သင်​တို့​အား​လုံး​ပင်​နှိမ့်​ချ​သော​စိတ်​တည်း​ဟူ သော​တန်​ဆာ​ကို​ဆင်​လျက်​တစ်​ဦး​၏​အ​စေ​ကို တစ်​ဦး​ခံ​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​တော်​တွင်``ဘု​ရား​သ​ခင်​သည်​မာ​န ကြီး​သူ​ကို​ဆီး​တား​တော်​မူ​၏။ သို့​ရာ​တွင် စိတ်​နှိမ့်​ချ​သူ​ကို​မူ​ကား​ကျေး​ဇူး​ပြု​တော် မူ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ