ထွက်မြောက်ရာ 13:17 - Myanmar Common Language Zawgyi Version
17 အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသား တို့အားထွက်ခွင့်ပြုသောအခါ ထာဝရ ဘုရားသည်ဖိလိတ္တိမြို့သို့သွားသောပင် လယ်ကမ်းခြေဖြတ်လမ်းဖြင့် သူတို့ကိုပို့ ဆောင်တော်မမူ။ သူတို့သည်စစ်ပွဲတိုက်ရမည် ကိုသိမြင်လျှင်စိတ်ပြောင်း၍ အီဂျစ်ပြည် သို့ပြန်သွားကြမည်ဖြစ်ကြောင်းဘုရားသခင်သိတော်မူ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
17 အစ္စရေးလူမျိုးတို့ကို ဖာရောမင်းကြီးလွှတ်ပေးသောအခါ ဘုရားသခင်က “ဤလူမျိုးသည် စစ်မှုနှင့်တွေ့လျှင် စိတ်ပြောင်းသွား၍ အီဂျစ်ပြည်သို့ ပြန်သွားလိမ့်မည်”ဟု ဆိုပြီး ဖိလိတ္တိပြည်ဘက်သွားသောလမ်းသည် နီးသော်လည်း သူတို့အား ထိုလမ်းဖြင့်ပို့ဆောင်တော်မမူပေ။
အခန်းကိုကြည့်ပါ။ ကော်ပီ
17 ဣသရေလလူတို့ကို ဖာရောဘုရင်လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို လျှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည် စစ်မှုကိုတွေ့မြင်သောအခါစိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန်ကြလိမ့်မည်ဟု သိတော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ