ထွက်မြောက်ရာ 12:42 - Myanmar Common Language Zawgyi Version42 ထိုနေ့ညသည်ထာဝရဘုရားကသူတို့ ကိုအီဂျစ်ပြည်မှထုတ်ဆောင်ရန်စောင့်ကြပ် ကြည့်ရှုသောညဖြစ်၏။ သို့ဖြစ်၍ဣသရေလ အမျိုးအစဉ်အဆက်တို့သည် ထိုညကို ထာဝရဘုရားထုတ်ဆောင်တော်မူရာည အထိမ်းအမှတ်ပွဲတော်အဖြစ်နှစ်စဉ် ကျင်းပကြလေသည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်42 ထိုညသည် အီဂျစ်ပြည်မှ သူတို့ကိုထုတ်ဆောင်ရန် ထာဝရဘုရားစောင့်စားခဲ့သောညဖြစ်၏။ ထိုညသည် အစ္စရေးအမျိုးသားအပေါင်းတို့ မျိုးဆက်အစဉ်အဆက်ထာဝရဘုရားအဖို့ စောင့်ထိန်းရသောညဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version42 အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသောအတွက်ကြောင့်၊ ထိုနေ့ညကို အထူးသဖြင့် ထာဝရဘုရား၌စောင့်စရာကောင်း၏။ ဣသရေလအမျိုးသားတို့၏ အမျိုးအစဉ်အဆက်မပြတ် စောင့်ရသော ထာဝရဘုရား၏ညကား၊ ဤသည်ညပေတည်း။ အခန်းကိုကြည့်ပါ။ |