ထွက်မြောက်ရာ 12:33 - Myanmar Common Language Zawgyi Version33 အီဂျစ်အမျိုးသားတို့က``သင်တို့သည်ဤ ပြည်မှမထွက်လျှင် ငါတို့အားလုံးသေရ ပါလိမ့်မည်'' ဟုဆိုလျက်ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှ အလျင်အမြန် ထွက်သွားရန်တိုက်တွန်းကြလေသည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်33 အီဂျစ်လူမျိုးတို့က “ငါတို့အားလုံးသေကုန်လိမ့်မည်”ဟု ဆိုလျက် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်ထဲမှ အလျင်အမြန်ထွက်သွားကြစေရန် နှိုးဆော်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version33 အဲဂုတ္တုလူတို့ကလည်း၊ ငါတို့ရှိသမျှသည် အသေကောင်ဖြစ်ကြပြီဟုဆိုလျက်၊ ဣသရေလလူတို့ကို အဲဂုတ္တုပြည်ထဲက အလျင်အမြန်လွှတ်ခြင်းငှာ ကျပ်ကျပ်နှိုးဆော်ကြ၏။ အခန်းကိုကြည့်ပါ။ |
မှူးမတ်တို့ကဘုရင်အား``ဤသူတို့သည် အကျွန်ုပ်တို့ကိုမည်မျှကြာအောင်ဒုက္ခရောက် စေပါမည်နည်း။ ထိုသူတို့သည်သူတို့၏ဘုရား ဖြစ်သောထာဝရဘုရားအား ဝတ်ပြုနိုင်ရန် သွားခွင့်ပေးတော်မူပါ။ အရှင်မင်းကြီး၊ ယခု ပင်အီဂျစ်ပြည်ပျက်စီးနေပြီမဟုတ်ပါ လော'' ဟုလျှောက်ကြ၏။
ထိုအခါထာဝရဘုရားက မောရှေအား``ဖာ ရောဘုရင်အားငါမည်သို့ပြုမည်ကိုသင်မြင် ရလိမ့်မည်။ ငါ၏ကြီးမားသောတန်ခိုးတော် အားဖြင့် သူသည်ထိုသူတို့ကိုသွားခွင့်ပေးစေ ရန်ငါစီရင်မည်။ ငါ၏ကြီးမားသောတန်ခိုး တော်အားဖြင့် သူသည်မိမိ၏တိုင်းပြည်မှသူ တို့ကိုနှင်ထုတ်ရသည်အထိငါစီရင်မည်'' ဟုမိန့်တော်မူ၏။