ဧသတာ 7:5 - Myanmar Common Language Zawgyi Version5 ထိုအခါဧကရာဇ်မင်းက``ဤသို့သော အမှုမျိုးကိုအဘယ်သူပြုရဲသနည်း။ ထိုသူကားအဘယ်မှာရှိသနည်း'' ဟု မေးတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 ထိုအခါ အာရွှေရုမင်းကြီးက မိဖုရားဧသတာအား “ထိုသို့ပြုရန် စိတ်ရဲတင်းသူကား အဘယ်သူနည်း။ အဘယ်မှာ နေသနည်း”ဟု မေးလျှင် အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 ရှင်ဘုရင်အာရွှေရုကလည်း၊ ထိုသို့ပြုမည်ဟု ကြံဝံ့သောသူကား အဘယ်သူနည်း။ အဘယ်မှာရှိသနည်းဟု မိဖုရားဧသတာအား မေးတော်မူလျှင်၊ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မနှင့်ကျွန်တော်မ၏အမျိုးသား ချင်းတို့အားရောင်းစားလိုက်ကြပြီဖြစ်၍ ကျွန်တော်မတို့သည်သေရကြပါတော့မည်။ အကယ်၍ကျွန်ဘဝသို့ရောက်ရကြရုံသာ ဆိုလျှင်ကျွန်တော်မသည်အရှင်မင်းကြီး အားအနှောင့်အယှက်မပေးဘဲကြိတ်၍ခံ မည်သာဖြစ်ပါ၏။ ယခုမှာမူကျွန်တော် မတို့သည်အမျိုးပြုတ်အောင်သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြပါတော့မည်'' ဟုလျှောက်၏။