ဧသတာ 2:8 - Myanmar Common Language Zawgyi Version8 ထိုကြောင့်မင်းကြီးကြေငြာချက်အသစ် အရ အမျိုးသမီးငယ်အမြောက်အမြား ကို ရှုရှန်မြို့သို့ခေါ်ဆောင်လာကြသော အခါဧသတာပါလာခဲ့လေသည်။ သူ့ အားလည်းနန်းတွင်း၌ထားရှိကာမိန်းမ စိုးဟေဂဲ၏လက်သို့ပေးအပ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 ရှင်ဘုရင်ထုတ်ပြန်သည့်အမိန့်ကို ကြေညာသဖြင့် မိန်းမပျိုအမြောက်အမြားတို့ကို ရှုရှန်နန်းတော်ရှိ ဟေဂဲ၏လက်ထဲသို့လာအပ်ကြရာ ဧသတာကိုလည်း ဘုရင့်နန်းတော်သို့ ခေါ်ဆောင်လာ၍ အပျိုတော်အုပ်ဟေဂဲ၏လက်သို့အပ်လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 ရှင်ဘုရင် အမိန့်တော်ကိုထုတ်၍ ကျော်သောအခါ၊ အပျိုများတို့ကို ရှုရှန်နန်းတော်သို့ စုဝေးစေ၍၊ မိန်းမစိုးဟေဂဲ၌ အပ်ရာတွင်၊ ဧသတာကိုလည်း နန်းတော်သို့ ခေါ်ဆောင်၍ ဟေဂဲ၌ အပ်ကြ၏။ အခန်းကိုကြည့်ပါ။ |
အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် အပေါင်းတွင် မင်းအရာရှိများကိုခန့်ထား၍ အဆင်းလှသည့်အပျိုကညာအပေါင်းကို မြို့တော်ရှုရှန်ရှိအရှင့်အပျိုတော်ဆောင်သို့ ခေါ်ဆောင်လာစေတော်မူပါ။ သူတို့အား အရှင့်မိန်းမစိုးဟေဂဲ၏လက်တွင်အပ်၍ အလှပြုပြင်ပေးစေတော်မူပါ။-