ဒေသနာ 11:5 - Myanmar Common Language Zawgyi Version5 နံဝိညာဉ်သွားရာလမ်းကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း၌အရိုးတို့သည် အဘယ်သို့တိုးပွားသည်ကို ၎င်း မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏အမှုတော်တို့ကို မသိနိုင်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 သင်သည် လေ၏လမ်းကြောင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ဝမ်းထဲတွင် အရိုးများမည်သို့ဖြစ်တည်လာသည်ကိုလည်းကောင်း မသိနိုင်သကဲ့သို့ ခပ်သိမ်းသောအရာကိုဖန်ဆင်းသော ဘုရားသခင်၏အမှုတော်ကိုလည်း မသိနိုင်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 နာမ်ဝိညာဉ်သွားရာ လမ်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမဝမ်း၌ အရိုးတို့သည် အဘယ်သို့ တိုးပွားသည်ကိုလည်းကောင်း မသိနိုင်သကဲ့သို့၊ အလုံးစုံတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏အမှုတော်တို့ကို မသိနိုင်။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် များစွာသောအမှုတို့ကိုပြုတော်မူပါပြီ။ ကိုယ်တော်ရှင်နှင့်နှိုင်းယှဉ်နိုင်သူတစ်ယောက် မျှမရှိပါ။ ကိုယ်တော်ရှင်ကျွန်တော်မျိုးတို့အတွက် ကြံစည်သောအကြံအစည်တော်တို့သည် အံ့သြဖွယ်ဖြစ်ပါ၏။ ထိုအမှုအရာတို့သည်များပြားလှသဖြင့် ယင်းတို့ကိုမရေမတွက်နိုင်ပါ။
ထာဝရဘုရားသည်ကာလအစဉ်အဆက် တည်တော်မူသောဘုရားသခင်ဖြစ်တော်မူသည်ကို သင်တို့မသိကြပါသလော။ မကြားဘူးကြပါသလော။ ကိုယ်တော်သည်ကမ္ဘာလောကကို ဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အဘယ်အခါ၌မျှမောပန်း နွမ်းလျတော်မမူပါ။ အဘယ်သူမျှကိုယ်တော်၏အကြံအစည်တော် တို့ကို နားမလည်နိုင်ပါ။