တရားဟောရာ 28:59 - Myanmar Common Language Zawgyi Version59 ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏အဆက် အနွယ်တို့၌ ကုသ၍မရနိုင်သောရောဂါ ဆိုးများနှင့်ကြောက်မက်ဖွယ်ကောင်းသော ကပ်ရောဂါများကျရောက်စေတော်မူမည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်59 ထူးဆန်းသောကပ်ရောဂါဖြစ်သည့် ပြင်းထန်သောနာတာရှည်ကပ်ရောဂါများ၊ ဆိုးရွားသောနာတာရှည်အနာရောဂါများကို ထာဝရဘုရားသည် သင်နှင့်သင့်သားစဉ်မြေးဆက်တို့၌ သက်ရောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version59 ထာဝရဘုရားသည် သင်ခံရသောဘေး၊ သင့်အမျိုးအနွယ် ခံရသောဘေးတို့ကို အံ့ဩဖွယ်သောဘေး၊ အလွန်ကြီး၍ မြဲမြံသောဘေး၊ အလွန်ပြင်း၍ မြဲမြံသောရောဂါဝေဒနာ ဖြစ်စေတော်မူမည်။ အခန်းကိုကြည့်ပါ။ |
သူ၏ညစ်ညမ်းမှုကိုအလွယ်တကူ တွေ့မြင်နိုင်သော်လည်း သူသည်မိမိကြုံတွေ့ရမည့်ကံကြမ္မာကို အမှုထားပုံမပေါ်။ သူ၏ပြိုလဲမှုမှာကြောက်မက်ဖွယ်ကောင်း လှ၏။ သူ့အားအဘယ်သူမျှလည်းနှစ်သိမ့်မှု မပေးနိုင်ကြ။ ရန်သူများအနိုင်ရ၍သွားသဖြင့်သူသည် မိမိအား ကရုဏာထားတော်မူပါရန်ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုလေသည်။
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-