Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 27:24 - Myanmar Common Language Zawgyi Version

24 `` `လူ​တစ်​ယောက်​အား​လျှို့​ဝှက်​စွာ​သတ်​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ``လူ​အ​ပေါင်း​တို့ က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 ‘​မိမိ​အိမ်နီးချင်း​ကို လျှို့ဝှက်​စွာ​သတ်​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

24 အိမ်​နီး​ချင်း​ကို မ​ထင်​မ​ရှား​ရိုက်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 27:24
12 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​သည်​ဘု​ရင်​တို့​နှင့်​ထိုက်​တန်​သည့် စား​ပွဲ​ကြီး​ကို​ပြင်​ဆင်​ပြီး​နောက် မိ​မိ​၏​အ​စေ ခံ​တို့​အား``အာ​မ​နုန်​သည်​စ​ပျစ်​ရည်​အ​လွန် အ​ကြူး​သောက်​မိ​သော​အ​ခါ ငါ​အ​မိန့်​ပေး လိုက်​မည်။ ထို​အ​ခါ​သင်​တို့​သူ့​အား​လုပ်​ကြံ ကြ​လော့။ မ​ကြောက်​ကြ​နှင့်။ ငါ​ကိုယ်​တိုင်​တာ ဝန်​ယူ​မည်။ ရဲ​ရင့်​စွာ​ပြု​ကြ​လော့။ လက်​မ​ရွံ့ စေ​ကြ​နှင့်'' ဟု​မှာ​ကြား​၍​ထား​၏။-


ဟေ​ဗြုန်​မြို့​သို့​အာ​ဗ​နာ​ရောက်​ရှိ​လာ​သော အ​ခါ ယွာ​ဘ​သည်​မြို့​တံ​ခါး​နံ​ဘေး​သို့​ခေါ် ယူ​ကာ​တီး​တိုး​ပြော​ဆို​ဆွေး​နွေး​ဟန်​ပြု​၍ ဝမ်း​ကို​ဓား​နှင့်​ထိုး​လိုက်​၏။ ဤ​သို့​လျှင်​အာ​ဗ​နာ သည်​ယွာ​ဘ​၏​ညီ​အာ​သ​ဟေ​လ​ကို​သတ်​ခဲ့ သည့်​အ​တွက်​လုပ်​ကြံ​ခြင်း​ကို​ခံ​ရ​လေ​၏။-


``ထို့​ပြင်​သင့်​အား​မှာ​ကြား​ရန်​ကိစ္စ​တစ်​ခု ရှိ​သေး​၏။ ယွာ​ဘ​သည်​ဣ​သ​ရေ​လ​တပ်​မ တော်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော​နေ​ရ​၏​သား အာ​ဗ​နာ​နှင့်​ယေ​သာ​၏​သား​အာ​မ​သ​တို့ ကို​သတ်​ခြင်း​အား​ဖြင့် ငါ့​အား​အ​ဘယ်​သို့ ပြု​ခဲ့​ကြောင်း​သင်​မှတ်​မိ​ပါ​လိမ့်​မည်။ စစ် ဖြစ်​ချိန်​က​သတ်​ဖြတ်​မှု​များ​အ​တွက် လက်​စား​ချေ​သည့်​အ​နေ​ဖြင့် သူ​သည်​ထို သူ​တို့​အား​ငြိမ်း​ချမ်း​နေ​ချိန်​၌​အ​ဘယ် သို့​သတ်​ဖြတ်​ခဲ့​သည်​ကို​လည်း​သင်​မှတ်​မိ ပါ​လိမ့်​မည်။ သူ​သည်​အ​ပြစ်​မဲ့​သူ​များ အား​သတ်​ခဲ့​သည်။ သူ​ပြု​ခဲ့​သည့်​အ​မှု အ​တွက်​ယ​ခု​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့် သူ​၏​ဆိုး​မွေ​ကို​ငါ​ခံ​ရ​၏။-


``လူ့​အ​သက်​ကို​မ​သတ်​နှင့်။-


``လူ​သတ်​မှု​ကူး​လွန်​သော​သူ​ကို​သေ​ဒဏ် စီ​ရင်​ရ​မည်။-


``လူ​သတ်​မှု​ဖြင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သူ​အား သက် သေ​နှစ်​ဦး​သို့​မ​ဟုတ်​နှစ်​ဦး​ထက်​ပို​၍​ရှိ​မှ သေ​ဒဏ်​စီ​ရင်​ရ​မည်။ သက်​သေ​တစ်​ဦး​တည်း ၏​စွပ်​စွဲ​ချက်​ဖြင့် ထို​သူ​အား​သေ​ဒဏ်​မ​စီ ရင်​ရ။-


လူ​သတ်​မှု​ကူး​လွန်​သူ​အား​သေ​ဒဏ်​ပေး ရ​မည်။ ထို​သူ​သည်​အ​သက်​ဖိုး​ငွေ​ပေး​၍ သေ​ဒဏ်​မှ​လွတ်​ငြိမ်း​ခွင့်​မ​ရှိ​စေ​ရ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ