Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 27:12 - Myanmar Common Language Zawgyi Version

12 ``သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး နောက် လူ​တို့​အ​ပေါ်​ကောင်း​ချီး​မင်္ဂ​လာ​ရွတ် ဆို​သော​အ​ခါ​၌ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ယော​သပ်​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​သည်​ဂေ ရ​ဇိမ်​တောင်​ပေါ်​တွင်​ရပ်​နေ​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 “​သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​ပြီးသည့်နောက် လူ​တို့​အား​ကောင်းချီး​စကား​ပြောကြား​သောအခါ ရှိမောင်​အမျိုး​၊ လေဝိ​အမျိုး​၊ ယုဒ​အမျိုး​၊ ဣသခါ​အမျိုး​၊ ယောသပ်​အမျိုး​၊ ဗင်္ယာမိန်​အမျိုး တို့​သည် ဂေရဇိမ်​တောင်​ပေါ်၌ ရပ်​နေ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

12 သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး​သော​နောက်၊ လူ​များ​တို့​အား ကောင်း​ချီး​ပေး​ခြင်း​အ​လို​ငှာ ဂေ​ရ​ဇိမ်​တောင်​ပေါ်​မှာ ရပ်​ရ​သော​သူ​ဟူ​မူ​ကား၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ယော​သပ်၊ ဗင်္ယာ​မိန်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 27:12
10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​လေ​အာ​က``ငါ​သည်​ငါ​၏​ကျွန်​မ ကို​လင်​ယောကျာ်း​အား​ပေး​အပ်​သော​ကြောင့် ဘု​ရား​သ​ခင်​က​ငါ့​အား​ဆု​ချ​တော်​မူ​ပြီ'' ဟု​ဆို​လျက် ထို​သား​ကို​ဣ​သ​ခါ​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​သား​ကို​ထပ် ၍​ပေး​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​လျက်​ထို သား​ကို​ယော​သပ်​ဟူ​၍​နာ​မည်​မှည့်​လေ​သည်။


သို့​ရာ​တွင်​သူ​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် ထို​သား​ကို​ဗေ​နော​နိ​ဟူ​၍​နာ​မည်​မှည့်​လေ သည်။ ဖ​ခင်​က​မူ​ထို​သား​ကို​ဗင်္ယာ​မိန်​ဟု​နာ မည်​မှည့်​လေ​၏။


ယာ​ကုပ်​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​စဉ်​ရု​ဗင် သည် ဖ​ခင်​၏​မ​ယား​ငယ်​ဗိ​လ​ဟာ​နှင့်​ဖောက် ပြန်​မှား​ယွင်း​လေ​၏။ ယာ​ကုပ်​သည်​ထို​အ​ကြောင်း ကို​ကြား​သိ​လေ​သည်။ ယာ​ကုပ်​တွင်​သား​တစ်​ဆယ့်​နှစ်​ယောက်​ရှိ​၏။-


ထို့​နောက်​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား၊-


အ​မင်္ဂ​လာ​ရွတ်​ဆို​သော​အ​ခါ​၌ ရု​ဗင်၊ ဂဒ်၊ အာ​ရှာ၊ ဇာ​ဗု​လုန်၊ ဒန်​နှင့်​န​ဿ​လိ​အ​နွယ် တို့​သည်​ဧ​ဗ​လ​တောင်​ပေါ်​တွင်​ရပ်​နေ​ရ ကြ​မည်။-


ဤ​အ​ခြင်း​အ​ရာ​ကို​ယော​သံ​ကြား​သိ​သော အ​ခါ ဂေ​ရ​ဇိမ်​တောင်​ထိပ်​သို့​တက်​၍​ရပ်​ပြီး လျှင် အော်​ဟစ်​၍​ဤ​သို့​ဆို​၏။ ``အ​ချင်း​ရှေ​ခင် မြို့​သား​တို့၊ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်​ဘု​ရား​သခင်​သည်​လည်း သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​ကောင်း​နား​ထောင် တော်​မူ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ