တရားဟောရာ 26:8 - Myanmar Common Language Zawgyi Version8 ထာဝရဘုရားသည်မဟာတန်ခိုးတော်နှင့် လက်ရုံးတော်အားဖြင့် အကျွန်ုပ်တို့အားအီဂျစ် ပြည်မှကယ်တင်တော်မူခဲ့သည်။ ကိုယ်တော် သည်နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာ များကိုပြ၍ ကြောက်မက်ဖွယ်သောဘေးဒဏ် များကိုကျရောက်စေတော်မူသည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 ထိုအခါ ထာဝရဘုရားသည် အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက်၊ နိမိတ်လက္ခဏာများပြလျက်၊ အံ့ဩဖွယ်အမှုများပြုလျက် အကျွန်ုပ်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 ထိုအခါ ထာဝရဘုရားသည် တန်ခိုးကြီးသော လက်ရုံးတော်ကို ဆန့်၍ ကြောက်မက်ဖွယ်သော နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ဖြင့် အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နုတ်ပြီးလျှင်၊ အခန်းကိုကြည့်ပါ။ |
သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-