တရားဟောရာ 23:14 - Myanmar Common Language Zawgyi Version14 သင်တို့ကိုကာကွယ်လျက်သင်တို့အားအောင် ပွဲခံစေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် တပ်စခန်းတွင်သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍ တပ်စခန်းကိုဘာသာ ရေးထုံးနည်းအရသန့်ရှင်းစွာထားရကြမည်။ ထာဝရဘုရားသည် သင်တို့အားမစွန့်မပယ် စေရန်မသန့်ရှင်းသောအမှုဟူသမျှကို မပြုလုပ်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကယ်နုတ်ရန်၊ သင်၏ရန်သူတို့ကို သင့်လက်သို့အပ်ရန် သင်၏တပ်စခန်းထဲ၌ သွားလာတော်မူသည်ဖြစ်၍ သင်၏တပ်စခန်းသည် သန့်ရှင်းရမည်။ သို့မဟုတ်လျှင် ကိုယ်တော်သည် သင့်ထဲ၌ ညစ်ညူးသောအရာကိုတွေ့မြင်တော်မူသဖြင့် သင့်ထံမှ လွှဲရှောင်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version14 အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုကယ်တင်၍ ရန်သူတို့ကို သင့်လက်၌အပ်ခြင်းငှာ၊ သင်၏တပ်ထဲမှာ သွားလာတော်မူ၏။ ထိုကြောင့်၊ သင့်အထဲ၌ မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုမြင်၍ သင်မှ ရှောင်သွားတော်မမူမည်အကြောင်း၊ သင်၏တပ်သည် သန့်ရှင်းရမည်။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏ဗိမာန်တော်သည်ရုပ်တုများ နှင့်မည်သို့သဘောတူညီချက်ရှိနိုင်ပါအံ့ နည်း။ ငါတို့သည်အသက်ရှင်တော်မူသော ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ ``ငါသည်ငါ၏လူစုတော်တွင်ကျိန်းဝပ်မည်။ သူတို့ထံတွင်စံတော်မူမည်။ ငါသည်သူတို့၏ဘုရားဖြစ်၍သူတို့သည် လည်း ငါ၏လူစုတော်ဖြစ်လိမ့်မည်''။-