တရားဟောရာ 2:37 - Myanmar Common Language Zawgyi Version37 သို့ရာတွင်အမ္မုန်အမျိုးသားတို့ပြည်၊ ယဗ္ဗုတ် မြစ်ကမ်း၊ တောင်ကုန်းဒေသရှိမြို့များနှင့် ငါ တို့၏ဘုရားသခင်ထာဝရဘုရားကမသွား ရန်တားမြစ်သောအရပ်များသို့ငါတို့မချဉ်း ကပ်ကြ။'' အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်37 ယဗ္ဗုတ်ချောင်းတစ်လျှောက်မှစ၍ တောင်ပေါ်ဒေသရှိမြို့များနှင့် ငါတို့ဘုရားသခင်ထာဝရဘုရားပညတ်ထားသမျှသော အမ္မုန်အမျိုးသားတို့၏မြေကိုကား မချဉ်းကပ်ရကြ။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version37 သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သောမြေ၊ တောင်ရိုးမြို့အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသောအရာ တစ်စုံတစ်ခုကိုမျှ မချဉ်းရကြ။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဣသရေလအမျိုးသားတို့သည်ရန် သူများစွာတို့ကို တိုက်ပွဲ၌ကျဆုံးစေပြီးလျှင် အာနုန်မြစ်မှမြောက်ဘက်အမ္မုန်ပြည်နယ်စပ် ယဗ္ဗုတ်မြစ်တိုင်အောင် ရှိဟုန်ဘုရင်၏နယ်မြေ များကိုသိမ်းယူကြလေသည်။ အမ္မုန်ပြည် နယ်စပ်တိုင်အောင်သာချီတက်နိုင်ခြင်းမှာ ထိုနယ်စပ်ကိုခိုင်ခံ့စွာကာကွယ်ထားခြင်း ကြောင့်ဖြစ်သည်။-
သူတို့သည်မင်းနှစ်ပါးကိုနှိမ်နင်းခဲ့သည်။ မင်းတစ်ပါးမှာဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်းရှိဟုန်ဖြစ်သည်။ သူ၏ နိုင်ငံတွင်(အာနုန်မြစ်ဝှမ်းအနီးရှိ) အာရော် မြို့နှင့်ယင်းမြစ်ဝှမ်းအလယ်ရှိမြို့မှအမ္မုန် နယ်နိမိတ်ဖြစ်သော ယဗ္ဗုတ်မြစ်အထိကျယ် ပြန့်သည့်ဂိလဒ်ပြည်တစ်ဝက်ပါဝင်သည်။-