Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 2:1 - Myanmar Common Language Zawgyi Version

1 ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​လှည့်​၍ အာ​ကာ​ဘာ​ပင်​လယ်​ကွေ့​သို့​ဦး တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန်​သွား​ကြ​ပြီး လျှင် တောင်​ကုန်း​ဒေ​သ​ဖြစ်​သော​ဧ​ဒုံ​ပြည်​တွင် ကြာ​မြင့်​စွာ​လှည့်​လည်​နေ​ထိုင်​ရ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ထို့နောက် ငါ​တို့​သည် ပြန်လှည့်​၍ ငါ့​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ပင်လယ်နီ​လမ်း​ဖြင့် တောကန္တာရ​သို့ ခရီးပြု​ကာ စိရ​တောင်ပေါ်ဒေသ​တွင် ရက်​ပေါင်း​များစွာ လှည့်လည်​ခဲ့​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့​သည်​လှည့်၍၊ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​ခ​ရီး​သွား​လျက်၊ စိ​ရ​တောင်​ကို ကြာ​မြင့်​စွာ​လှည့်​လည်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 2:1
7 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဟော​ရ တောင်​မှ​ထွက်​ခွာ​၍​ဧ​ဒုံ​ပြည်​ကို​ရှောင်​ကွင်း​သွား​ရန် အ​ကွာ​ဘာ​ပင်​လယ်​ကွေ့​သို့​သွား​ရာ​လမ်း​အ​တိုင်း ချီ​တက်​ကြ​လေ​သည်။ သို့​ရာ​တွင်​သူ​တို့​သည် လမ်း​ခု​လတ်​တွင် စိတ်​ပျက်​အား​လျော့​လာ​ကြ ပြီး​လျှင်၊-


(သိ​နာ​တောင်​မှ​ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့ တောင်​ထူ​ထပ်​သော​ဧ​ဒုံ​ပြည်​လမ်း​ဖြင့် ခ​ရီး သွား​သော်​တစ်​ဆယ့်​တစ်​ရက်​ကြာ​၏။-)


သင်​တို့​မူ​ကား​လှည့်​၍​အာ​ကာ​ဘာ​ပင်​လယ် ကွေ့​သို့​ဦး​တည်​လျက် တော​ကန္တာ​ရ​ထဲ​သို့​ပြန် ကြ​လော့' ဟု​မိန့်​တော်​မူ​၏။''


အီ​ဂျစ်​စစ်​တပ်​သည်​သင်​တို့​အား​လိုက်​လံ​တိုက် ခိုက်​စဉ်​က ကိုယ်​တော်​သည်​သူ​တို့​၏​မြင်း​များ၊ စစ်​ရ​ထား​များ​နှင့်​တ​ကွ​စစ်​တပ်​တစ်​ခု​လုံး ကို ပင်​လယ်​နီ​အ​တွင်း​၌​နစ်​မြုပ်​စေ​ခဲ့​ပုံ​ကို သင်​တို့​မြင်​ခဲ့​ရ​၏။-


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား၊


ထို​နောက်​သူ​တို့​သည်​ဧ​ဒုံ​ပြည်​နှင့်​မော​ဘ ပြည်​တို့​ကို​ပတ်​၍​သဲ​ကန္တာ​ရ​ကို​ဖြတ်​ပြီး လျှင် မော​ဘ​ပြည်​၏​အ​ရှေ့​ဘက်၊ အာ​နုန်​မြစ် တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ထို​အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​၏။ အာ​နုန်​မြစ် သည်​မော​ဘ​ပြည်​၏​နယ်​နိ​မိတ်​ဖြစ်​သ​ဖြင့် ထို​မြစ်​ကို​သူ​တို့​မ​ကူး​မ​ဖြတ်​ကြ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ