တရားဟောရာ 19:1 - Myanmar Common Language Zawgyi Version1 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားပေးသနားတော်မူမည့်ပြည် တွင်နေထိုင်သောလူမျိုးတို့ကို သုတ်သင်ပယ် ရှင်းပြီးနောက်သင်တို့သည်သူတို့၏မြို့များ နှင့်အိမ်များကိုသိမ်းယူနေထိုင်ကြသော အခါ၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အပိုင်ပေးသောပြည်ရှိ လူမျိုးတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှဖယ်ရှားတော်မူမည်။ သင်သည် ထိုလူမျိုးတို့ကိုနှင်ထုတ်၍ သူတို့၏မြို့များ၊ သူတို့၏အိမ်များ၌ နေထိုင်ကြသောအခါ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်၌နေသော လူမျိုးတို့ကို သင်၏ဘုရားသခင်ထာဝရဘုရား ပယ်ဖြတ်တော်မူသဖြင့်၊ သင်သည် သူတို့အရာ၌ ဝင်စား၍၊ သူတို့မြို့၊ သူတို့အိမ်၌နေသောအခါ၊ အခန်းကိုကြည့်ပါ။ |
သင်တို့မစုဆောင်းဘဲ ကောင်းမွန်သောအရာ များနှင့်ပြည့်စုံသောအိမ်များကိုလည်းကောင်း၊ သင်တို့မတူးသောရေတွင်းများကိုလည်း ကောင်း၊ သင်တို့မစိုက်ပျိုးသောစပျစ်ခြံနှင့် သံလွင်ခြံများကိုလည်းကောင်း သင်တို့အား ပေးတော်မူမည်။ ထာဝရဘုရားသည်သင် တို့ကိုပို့ဆောင်၍ ထိုပြည်သို့ရောက်သဖြင့် သင်တို့သည်အစားအစာကိုဝလင်စွာ စားရသောအခါ၊-