Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 14:24 - Myanmar Common Language Zawgyi Version

24 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​သ​ဖြင့် ရ​ရှိ​သော​ဝတ္ထု​ပစ္စည်း​ထဲ​မှ​ဆယ်​ဖို့ တစ်​ဖို့​ကို ဘုရား​ဝတ်​ပြု​ရာ​ဌာ​န​သို့​ယူ​ဆောင် သွား​ရန်​ခ​ရီး​ဝေး​လွန်း​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 သို့သော် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို​ကောင်းချီးပေး​တော်မူ​သောအခါ နာမ​တော်​တည်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သည် ခရီး​ဝေး​၍ သင်​နှင့်​ဝေး​လွန်း​သဖြင့် သင်​သည် ထို​ဆယ်ဖို့တစ်ဖို့​ကို​မ​သယ်ဆောင်​သွား​နိုင်​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

24 သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကောင်​ချီး​ပေး​တော်​မူ​သော​အ​ခါ၊ နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သည် ဝေး​လွန်း၍ ခ​ရီး​ရှည်​လျား​သ​ဖြင့်၊ ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို ဆောင်၍ မ​သွား​နိုင်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 14:24
5 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သင်​တို့​တိုင်း​ပြည်​၏​နယ်​နိ​မိတ်​ကို ပင်​လယ်​နီ​မှ​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း၊ တော​ကန္တာ​ရ​မှ​ဥ​ဖ​ရတ်​မြစ်​သို့​လည်း​ကောင်း ကျယ်​ပြန့်​စေ​မည်။ ငါ​သည်​ထို​ပြည်​သား​တို့ ကို​သင်​တို့​၏​လက်​သို့​အပ်​သ​ဖြင့် သင်​တို့​သည် သူ​တို့​အား​နှင်​ထုတ်​နိုင်​လိမ့်​မည်။-


သင်​တို့​ခြေ​နင်း​သ​မျှ​သော​မြေ​ကို​ပိုင်​ရ​လိမ့် မည်။ သင်​တို့​၏​နယ်​မြေ​သည်​တောင်​ဘက်​တော ကန္တာ​ရ​မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​သို့​တိုင် အောင်​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ် မှ​အ​နောက်​ဘက်​မြေ​ထဲ​ပင်​လယ်​သို့​တိုင်​အောင် လည်း​ကောင်း​ကျယ်​ပြန့်​လိမ့်​မည်။-


အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ တစ်​ခု​တည်း​သော​ဌာ​န​သည် သင်​တို့​နှင့်​ဝေး ကွာ​လွန်း​လျှင်​ငါ​မှာ​ကြား​ထား​သည့်​အ​တိုင်း သင်​တို့​အ​လို​ဆန္ဒ​ရှိ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​သော​နွား​သို့ မ​ဟုတ်​သိုး​ကို​သတ်​၍ သင်​တို့​မြို့​ရွာ​များ တွင်​စား​ခွင့်​ရှိ​သည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ နေ​ထိုင်​ရာ​နယ်​မြေ​မှ ရှေ့​တော်​သို့​လူ​တို့​လာ ရောက်​ကိုး​ကွယ်​ဝတ်​ပြု​နိုင်​သော​ဌာ​န​တစ်​ခု ကို​ရွေး​ချယ်​ပေး​တော်​မူ​လိမ့်​မည်။-


ထို​ပစ္စည်း​ကို​ရောင်း​ချ​၍​ရ​သော​ငွေ​ကို ဘု​ရား ဝတ်​ပြု​ရာ​တစ်​ခု​တည်း​သော​ဌာ​န​သို့​ယူ သွား​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ