တရားဟောရာ 13:11 - Myanmar Common Language Zawgyi Version11 ထိုအခါဣသရေလအမျိုးသားအပေါင်း တို့သည် ဤသတင်းကိုကြားရသဖြင့် မည်သူ မျှထိုကဲ့သို့သောဒုစရိုက်ကိုနောက်တစ်ဖန် ကူးလွန်ဝံ့ကြမည်မဟုတ်ချေ။'' အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်11 သို့မှသာ အစ္စရေးလူမျိုးအပေါင်းတို့သည်ကြား၍ ကြောက်ရွံ့သဖြင့် သင်တို့တွင် ဤမကောင်းမှုမျိုးကို နောက်တစ်ဖန်မပြုဘဲနေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version11 ထိုသတင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြား၍၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင် နောက်တစ်ဖန်မပြုဝံ့ဘဲ နေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ယောရှုကအာခန်အား``သင်သည်အဘယ် ကြောင့်ငါတို့အားဒုက္ခရောက်စေသနည်း။ ယခုထာဝရဘုရားသည်သင့်အားဒုက္ခ ရောက်စေတော်မူမည်'' ဟုဆိုလေ၏။ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် အာခန်ကိုကျောက်ခဲဖြင့်ပစ်၍သတ်ကြ၏။ သူ၏မိသားစုကိုလည်းကျောက်ခဲဖြင့်ပစ် ၍သတ်ပြီးလျှင် သူ၏ပစ္စည်းများနှင့်အတူ မီးရှို့လိုက်ကြ၏။-