Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တ​ရား​ဟောရာ 11:6 - Myanmar Common Language Zawgyi Version

6 ရု​ဗင်​အ​နွယ်​ဝင်​ဧလျာဘ​၏​သား​များ​ဖြစ်​ကြ သော ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​အား​မည်​ကဲ့​သို့ စီ​ရင်​တော်​မူ​သည်​ကို​သင်​တို့​သတိ​ရ​ကြ​မည်။ လူ​အ​ပေါင်း​တို့​၏​မျက်​မှောက်​တွင်​သူ​တို့​သည် သူ​တို့​၏​မိ​သား​စု​များ၊ တဲ​များ၊ အ​စေ​ခံ များ၊ တိ​ရစ္ဆာန်​များ​နှင့်​တ​ကွ​မြေ​မျို​ခြင်း ခံ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​လျက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​အလယ်​၌ ရုဗင်​၏​မြေး​၊ ဧလျာဘ​၏​သား​များ​ဖြစ်​သော ဒါသန်​နှင့်​အဘိရံ​တို့​နှင့်တကွ သူ​တို့​၏​အိမ်သူအိမ်သား​များ​၊ တဲ​များ​၊ သူ​တို့​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​ကို​မျို​ခဲ့​ပုံ စသည်​တို့​ကို ယနေ့ သင်​တို့​အောက်မေ့​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

6 ရု​ဗင်​အ​မျိုး၊ ဧ​လျာ​ဘ​သား​ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ မြေ​ကြီး​သည် မိ​မိ​ခံ​တွင်း​ကို​ဖွင့်၍ သူ​တို့​နှင့် အိမ်​သူ​အိမ်​သား​များ၊ တဲ​များ၊ သူ​တို့၌ ရ​တတ်​သ​မျှ​သော​ဥ​စ္စာ​ပ​စ္စည်း​များ​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​လယ်၌၊ မျို​ကြောင်း​ကို​လည်း​ကောင်း မ​သိ​မ​မြင်​သော သင်​တို့၏​သား​သ​မီး​တို့​အား ငါ​မ​ပြော၊ သင်​တို့​ကိုယ်​တိုင် သိ​မှတ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟောရာ 11:6
9 ပူးပေါင်းရင်းမြစ်များ  

သဲ​ကန္တာ​ရ​တွင်​သူ​တို့​သည်​မော​ရှေ​အား​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​စေ​ခံ အာ​ရုန်​အား​လည်း​ကောင်း​ငြူ​စူ​ကြ​၏။


ထို​အ​ခါ​မြေ​ကြီး​သည်​အက်​ကွဲ​၍ ဒါ​သန်​ကို​လည်း​ကောင်း၊ အ​ဘိ​ရံ​နှင့်​အိမ်​ထောင်​စု​သား​တို့​ကို​လည်း​ကောင်း မျို​လေ​၏။


ကမ္ဘာ​မြေ​ကြီး​သည်​ကွဲ​အက်​ကာ​က​စင့် က​လျား​ဖြစ်​လျက်​နှစ်​ခြမ်း​ပွင့်​၍​သွား လိမ့်​မည်။-


သို့​ရာ​တွင်​ကော​ရ​၏​သား​များ​သည်​သေ ဘေး​မှ​လွတ်​ကြ​၏။)


``ကျွန်​မ​တို့​၏​ဖ​ခင်​သည်​တော​ကန္တာ​ရ​၌ သေ ဆုံး​ခဲ့​ရာ​သား​ယောကျာ်း​ဟူ​၍​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ပါ။ ဖ​ခင်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပုန်​ကန်​သော​ကော​ရ​၏​လူ​စု​တွင်​မ​ပါ ဝင်​ခဲ့​ပါ။ သူ​သည်​မိ​မိ​၏​အ​ပြစ်​ကြောင့်​သေ ဆုံး​ခဲ့​ရ​ပါ​သည်။-


သင်​တို့​ဤ​အ​ရပ်​သို့​မ​ရောက်​မီ​တော​ကန္တာ​ရ ၌​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ကို​သင်​တို့​သိ​မြင်​ခဲ့​ရ​ကြ ပြီ။-


ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​တော်​များ​ကို သင်​တို့ ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​ပြီ။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ