Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 7:19 - Myanmar Common Language Zawgyi Version

19 ထို​နောက်​ငါ​သည်​အ​ခြား​သား​ရဲ​များ​နှင့် မ​တူ​တ​မူ​ထူး​ခြား​လျက်​ကြေး​ဝါ​လက် သည်း​များ​နှင့်​သံ​သွား​များ​ဖြင့် ရန်​သူ​ကို ကိုက်​စား​နင်း​ချေ​တတ်​သော​စ​တုတ္ထ​သား ရဲ​၏​အ​ကြောင်း​ကို​သိ​လို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ကြောက်မက်​ဖွယ်​အလွန်​ကောင်း​၍ ယခင်​သားရဲ​တို့​နှင့်​မ​တူ တစ်မူထူးခြား​ကာ သံ​သွား​နှင့် ကြေးနီ​လက်သည်း​ရှိ​၍ အစာ​ကို တစ်စစီ​ချိုးဖဲ့ကိုက်စား​ဝါးမျို​ပြီး အကြွင်းအကျန်​ကို ခြေ​ဖြင့်​နင်းချေဖျက်ဆီး​တတ်​သော​စတုတ္ထ​သားရဲ​နှင့်ပတ်သက်​သည့် အနက်အဓိပ္ပာယ်​အမှန်​ကို ငါ​သိ​လို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

19 ထို​အ​ခါ အ​ခြား​သော သား​ရဲ​ထက်​ထူး​ခြား၍ အ​လွန်​ကြောက်​မက်​ဖွယ်​ဖြစ်​လျက်၊ သံ​သွား​နှင့်​လည်း​ကောင်း၊ ကြေး​ဝါ လက်​သည်း​ခြေ​သည်း​နှင့်​လည်း​ကောင်း ပြည့်​စုံ​သ​ဖြင့်၊ ကိုယ်​စား​ချိုး​ဖဲ့၍ ကြွင်း​သ​မျှ​ကို ခြေ​ဖြင့်​နင်း​ချေ​တတ်​သော စ​တု​တ္ထ​သား​ရဲ​ကား၊ အ​ဘယ်​သို့ ဆို​လို​သည်​ကို​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 7:19
4 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ငါ​သည်​သူ​၏​ခေါင်း​ပေါ်​ရှိ​ဦး​ချို ဆယ်​ချောင်း​အ​ကြောင်း​ကို​လည်း​ကောင်း၊ နောက် မှ​ပေါ်​ပေါက်​လာ​ကာ​အ​ခြား​ဦး​ချို​သုံး ချောင်း​ကို​ဖယ်​ရှား​ပစ်​၍ မျက်​စိ​များ​နှင့် ကြွား​ဝါ​တတ်​သော​နှုတ်​ရှိ​ပြီး​လျှင်​အ​ခြား ဦး​ချို​များ​ထက်​ကြောက်​မက်​ဖွယ်​ကောင်း သော​ဦး​ချို​ငယ်​အ​ကြောင်း​ကို​လည်း​ကောင်း သိ​လို​၏။


ငါ​သည်​ကြည့်​ရှု​နေ​စဉ်​စ​တုတ္ထ​သား​ရဲ​ကို မြင်​ရ​၏။ ထို​သား​ရဲ​သည်​ခွန်​အား​ကြီး​၍ ထိတ်​လန့်​ကြောက်​မက်​ဖွယ်​ကောင်း​၏။ သူ​၏ သွား​ကြီး​များ​ဖြင့်​ရန်​သူ​တို့​ကို​ကိုက်​ဝါး ကာ​ခြေ​ဖြင့်​နင်း​ချေ​၏။ ဤ​သား​ရဲ​သည် အ​ခြား​သား​ရဲ​များ​နှင့်​မ​တူ​ချေ။ သူ့​မှာ ဦး​ချို​ဆယ်​ချောင်း​ရှိ​၏။-


ထို​ဦး​ချို​တို့​ကို​ကြည့်​နေ​စဉ်​ယင်း​တို့ အ​ကြား​မှ​ဦး​ချို​ငယ်​တစ်​ချောင်း​ပေါ်​လာ သည်​ကို​ငါ​မြင်​ရ​၏။ ထို​ဦး​ချို​ငယ်​က​ရှိ ပြီး​ဦး​ချို​သုံး​ချောင်း​ကို​ဖယ်​ရှား​လိုက် လေ​သည်။ ထို​ဦး​ချို​ငယ်​တွင်​လူ​ကဲ့​သို့ မျက်​စိ​များ​နှင့်​ကြွား​ဝါ​တတ်​သော နှုတ်​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ