ဒံယေလ 6:15 - Myanmar Common Language Zawgyi Version15 ထိုနောက်မှူးမတ်အရာရှိတို့သည်အထံတော် သို့ပြန်လည်ရောက်ရှိလာကြကာ``မေဒိ နှင့်ပါရှလူမျိုးတို့၏ဥပဒေများအရ ဘုရင့်အမိန့်တော်မည်သည်မှာပြန်လည် ပြင်ဆင်ပြောင်းလဲ၍မရနိုင်ကြောင်းအရှင် မင်းကြီးသိတော်မူပါ၏'' ဟုလျှောက် ထားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်15 ထိုသူတို့ကလည်း ရှင်ဘုရင်ထံ အုပ်စုလိုက်သွား၍ “အို အရှင်မင်းကြီး၊ မေဒိနှင့် ပါးရှားတို့၏ပယ်ဖျက်၍မရသောဥပဒေနှင့်အညီ ရှင်ဘုရင်အတည်ပြုထားသောမည်သည့်အမိန့်၊ မည်သည့်ပြဋ္ဌာန်းချက်ကိုမျှ ပြုပြင်ပြောင်းလဲ၍မရကြောင်း သိမှတ်တော်မူပါ”ဟု ရှင်ဘုရင်အား လျှောက်ဆိုကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version15 တစ်ဖန် မှူးမတ်အရာရှိတို့သည် အထံတော်သို့ စည်းဝေး၍၊ အရှင်မင်းကြီး၊ တစ်ခါထုတ်ပြီးသော အမိန့်တော် မပျက်နိုင်ရာဟု မေဒိ၊ ပေရသိဓမ္မသတ်၌ ပါကြောင်းကို သတိထားတော်မူပါဟု လျှောက်ကြပြန်လျှင်၊ အခန်းကိုကြည့်ပါ။ |
တစ်စုတစ်ရုံးတည်းဘုရင့်ရှေ့တော်သို့ဝင်၍ ဒံယေလအားပြစ်တင်စွပ်စွဲကြကုန်၏။ သူ တို့က``အရှင်မင်းကြီးကိုယ်တော်သည်နောက် ရက်ပေါင်းသုံးဆယ်တိုင်တိုင်အရှင်မင်းကြီး မှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရားထံသော်လည်းကောင်းဆုတောင်းသူ မည်သူမဆိုခြင်္သေ့လှောင်သောတွင်းထဲသို့ ပစ်ချခြင်းကိုခံစေဟူသောအမိန့်တော် ကိုလက်မှတ်ရေးထိုးတော်မူခဲ့သည် မဟုတ်ပါလော'' ဟုမေးလျှောက်ကြ၏။ မင်းကြီးက``ထိုအမိန့်သည်ပြောင်းလဲ၍ မရသောမေဒိနှင့်ပါရှလူမျိုးတို့၏ ဓမ္မသတ်အတိုင်းမှန်ပေ၏'' ဟုမိန့်တော် မူ၏။