Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 4:15 - Myanmar Common Language Zawgyi Version

15 သို့​ရာ​တွင်​မြေ​တွင်​ရှိ​သည့်​သစ်​ငုပ်​ကို​မူ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​တို့​ဖြင့်​ချည်​နှောင် ၍​ကွင်း​ထဲ​၌​မြက်​တော​တွင်​ထား​ခဲ့​လော့။ ` ``ထို​သူ​အား​ဆီး​နှင်း​ထဲ​တွင်​တိ​ရစ္ဆာန်​များ၊ အ​ပင်​ငယ်​များ​နှင့်​အ​တူ​နေ​စေ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 မြေ​တွင်​စွဲ​နေ​သော​အမြစ်​နှင့်​အငုတ်​ကို သံကြိုး​၊ ကြေးနီ​တို့​ဖြင့် ချည်နှောင်​၍ မြက်နု​များ​ပေါက်​ရာ​ကွင်းပြင်​တွင် ချန်ထား​လော့​။ မိုးကောင်းကင်​နှင်း​များ စို​ပါစေ​။ တိရစ္ဆာန်​တို့​နှင့်အတူ မြက်ပင်​ကို အတူ​စား​စေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

15 သို့​သော်​လည်း၊ မြေ၌​စွဲ​သော အ​မြစ်​နှင့်​တ​ကွ သစ်​ငုတ်​ကို​ခြွင်း​ထား၍၊ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​သ​ကဲ့​သို့ နု​သော​မြက်​ပင်​ထဲ၌ ရှိ​စေ​လော့။ ခု​နစ်​နှစ်​ပတ်​လုံး မိုး​စွတ်​ခြင်း​ကို​ခံ၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ မြက်​ဝေ​စုကို စား​စေ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 4:15
6 ပူးပေါင်းရင်းမြစ်များ  

အ​ရှင်​မင်း​ကြီး​ကြည့်​လျက်​နေ​တော်​မူ​စဉ် ကောင်း​ကင်​ဘုံ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​သက်​ဆင်း​လာ​ကာ`ထို​သစ်​ပင်​ကို​ခုတ်​လှဲ ဖျက်​ဆီး​ပစ်​လော့။ သို့​ရာ​တွင်​သစ်​ငုတ်​ကို​မူ ကား​မြေ​တွင်​ချန်​ထား​လော့။ ထို​ငုတ်​ကို​သံ ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်​၍​ကွင်း​ထဲ ၌​မြက်​တော​တွင်​ထား​ခဲ့​လော့။ ထို​သူ​အား ဆီး​နှင်း​များ​ဖြင့်​စို​စွတ်​စေ​လျက်​ခု​နစ်​နှစ် တိုင်​တိုင်​တိရစ္ဆာန်​များ​နှင့်​အ​တူ​နေ​စေ​လော့' ဟု​မြွက်​ဆို​ခဲ့​ပါ​၏။


ကြောက်​မက်​ဖွယ်​ကောင်း​သော​အိပ်​မက်​ကို မြင်​မက်​၍ ထိတ်​လန့်​ဖွယ်​ရာ​ရူ​ပါ​ရုံ​များ ကို​မြင်​ရ​၏။-


ငါ​သည်​အိပ်​မက်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မိ​မိ အား​ဖွင့်​ပြ​ရန် အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း တို့​ကို​ဆင့်​ခေါ်​ခဲ့​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ