ဒံယေလ 3:3 - Myanmar Common Language Zawgyi Version3 အရာရှိအပေါင်းတို့သည်ရွှေရုပ်ကြီး ၏ရှေ့တွင်ရပ်နေကြသောအခါ၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ထို့ကြောင့် မင်းညီမင်းသားများ၊ ဝန်ကြီးများ၊ ဘုရင်ခံများ၊ အတိုင်ပင်ခံများ၊ ဘဏ္ဍာစိုးများ၊ တရားဝန်ကြီးများ၊ မင်းအရာရှိများမှစ၍ နယ်ပိုင်အပေါင်းတို့သည် နေဗုခဒ်နေဇာမင်းကြီးတည်ထားသောရုပ်တု၏အနုမောဒနာပွဲသို့ စုရုံးလာကြပြီး နေဗုခဒ်နေဇာမင်းကြီးတည်ထားသောရုပ်တုရှေ့၌ ရပ်နေကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 စော်ဘွား၊ မြို့ဝန်၊ စစ်ကဲ၊ တရားသူကြီး၊ အခွန်တော်ဝန်၊ တိုင်ပင်မှူးမတ်၊ မြို့စာရေး၊ နိုင်ငံတော် အရာရှိအပေါင်းတို့သည် စုဝေးရောက်လာ၍၊ တည်ထားတော်မူသော ရုပ်တုရှေ့မှာ ရပ်နေကြ၏။ အခန်းကိုကြည့်ပါ။ |
မင်းညီမင်းသားများ၊ ဘုရင်ခံများ၊ ဒုတိယ ဘုရင်ခံများနှင့်ဘုရင့်အတိုင်ပင်ခံအရာ ရှိအပေါင်းတို့သည် မီးလောင်ခြင်းမခံရ ကြသောလူသုံးဦးတို့ကိုဝိုင်း၍ကြည့်ရှုကြ ကုန်၏။ ထိုသူတို့၏ဆံခြည်ပင်တစ်ပင်မျှ မီးမမြိုက်။ အဝတ်အင်္ကျီများသည်မီးမလောင်၊ သူတို့ကိုယ်မှမီးခိုးနံ့လည်းမရ။
သူတို့သည်ဘုရားသခင်မိန့်တော်မူသော စကားများအကောင်အထည်ပေါ်လာသည့် တိုင်အောင် မိမိတို့၏အာဏာကိုသားရဲအား တညီတညွတ်တည်းလွှဲအပ်လိုက်ကြစေရန် ကိုယ်တော်သည်သူတို့၏စိတ်ကိုပြုပြင်တော် မူလျက် သူတို့အားမိမိ၏အကြံအစည် တော်နှင့်အညီလိုက်နာဆောင်ရွက်စေတော် မူ၏။