Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 10:9 - Myanmar Common Language Zawgyi Version

9 ထို​သူ​၏​စ​ကား​သံ​ကို​ကြား​သော​အ​ခါ ငါ​သည်​မြေ​ပေါ်​သို့​ဝမ်း​လျား​မှောက်​လဲ ကျ​ကာ​သ​တိ​မေ့​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထိုအခါ ထို​သူ​ပြော​သော​စကား​သံ​ကို ကြား​ရ​၏​။ ထို​သူ​ပြော​သော​စကား​ကို နားထောင်​နေ​စဉ် ငါ​သည် သတိလစ်​၍​မှောက်​လျက်​လဲကျ​သွား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 သို့​ရာ​တွင်၊ ထို​သူ၏​စ​ကား​သံ​ကို ငါ​ကြား၏။ ကြား​သော​အ​ခါ မြေ​ပေါ်​မှာ​ပျပ်​ဝပ်၍ မိန်း​မော​တွေ​ဝေ​လျက် နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 10:9
11 ပူးပေါင်းရင်းမြစ်များ  

နေ​ဝင်​ချိန်​၌​အာ​ဗြံ​သည် အိပ်​မော​ကျ​နေ​စဉ် ကြောက်​ရွံ့​ထိတ်​လန့်​လာ​လေ​သည်။-


ထို့​ကြောင့်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ကို​နှစ်​ခြိုက်​စွာ​အိပ်​မော​ကျ​စေ​တော်​မူ​၏။ အိပ်​နေ​စဉ်​နံ​ရိုး​တစ်​ချောင်း​ကို​ထုတ်​ယူ​ပြီး လျှင် အ​သား​ကို​ပြန်​၍​ပိတ်​တော်​မူ​၏။-


လူသည်အိပ်ရာပေါ်မှာငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင်၍၊ ညဥ့်ရူပါရုံကို ခံရသောအားဖြင့်၊


လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဥ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊


ကျွန်မသည် အိပ်​ပျော်နေသော်လည်း ကျွန်မ၏စိတ်နှလုံးသည်နိုးထလျက်နေပါ၏။ အိပ်မက်ထဲတွင်ချစ်သူမောင်တော် တံခါးခေါက်သံကြားပါ၏။ ငါ၏အသဲစွဲချစ်သူ၊ ငါ၏ချိုးငှက်၊ အပြစ်ကင်းသူ၊ ငါ၏ချစ်နှမ၊ ငါ့အားဝင်ခွင့်ပြုပါလော့။ ငါ၏ဦးခေါင်းသည်နှင်းနှင့်လည်းကောင်း၊ ငါ၏ဆံပင်သည်နှင်း​ပေါက်နှင့်လည်းကောင်း၊ စိုစွတ်လျက်နေပါ၏။


ထို​အ​ခါ​လူ​သဏ္ဌာန်​ရှိ​သူ​တစ်​ဦး​သည်​လက် ကို​ဆန့်​၍ ငါ​၏​နှုတ်​ကို​တို့​လျှင်​ငါ​သည်​မိ​မိ ၏​ရှေ့​တွင်​ရပ်​နေ​သော​သူ​အား``အ​ရှင်၊ ဤ​ဗျာ ဒိတ်​ရူ​ပါ​ရုံ​သည်​အ​ကျွန်ုပ်​အား​လွန်​စွာ​အား လျော့​စေ​သည်​ဖြစ်​၍​အ​ကျွန်ုပ်​သည်​တုန်​လှုပ် လျက်​သာ​နေ​ပါ​၏။-


သူ​ဤ​သို့​ပြော​နေ​စဉ်​ငါ​သည်​မေ့​မြော​၍ မြေ​ပေါ်​သို့​လဲ​ကျ​သွား​လေ​သည်။ သို့​ရာ တွင်​သူ​သည်​ငါ့​အား​ဆွဲ​ကိုင်​ထူ​မ​ပြီး လျှင်၊-


ကျွန်တော်မျိုးသည် ဤအမှုအရာအပေါင်းကို ကြားလျှင် ထိတ်လန့်၍သွားပါ၏။ ကြောက်စိတ်ဖြင့် ကျွန်တော်မျိုး၏နှုတ်ခမ်းတို့သည် ဆတ်ဆတ်တုန်လျက် ကိုယ်ခနွာသည် ပြော့အိကာ ခြေတို့သည် ခွေယိုင်လျက်နေပါ၏။ ကျွန်တော်မျိုးတို့ကို တိုက်ခိုက်သူတို့အား ဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူမည့်အချိန်ကို ကျွန်တော်မျိုးသည် ငြိမ်သက်စွာစောင့်မျှော်၍နေပါမည်။


ကိုယ်​တော်​သည်​ဆု​တောင်း​ရာ​မှ​ထ​၍​တ​ပည့် တော်​များ​ရှိ​ရာ​သို့​ပြန်​ကြွ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ဝမ်း​နည်း​မော​ပန်း​လျက်​အိပ်​ပျော် နေ​ကြ​သည်​ကို​မြင်​တော်​မူ​၏။-


ပေ​တ​ရု​နှင့်​အ​ဖော်​များ​သည်​ငိုက်​မြည်း အိပ်​ပျော်​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့ နိုး​လာ​သော​အ​ခါ​ကိုယ်​တော်​၏​ဘုန်း​အ​သ ရေ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​အ​တူ ရပ်​နေ​သူ​နှစ်​ဦး​ကို​လည်း​ကောင်း​မြင်​ကြ​၏။-


ထို​အ​ရှင်​ကို​တွေ့​သော​အ​ခါ​ငါ​သည်​သူ​သေ သ​ဖွယ် ခြေ​တော်​ရင်း​၌​လဲ​ကျ​သွား​လေ​သည်။ ကိုယ်​တော်​သည်​ငါ့​အ​ပေါ်​သို့​လက်​ယာ​လက် တော်​ကို​တင်​တော်​မူ​ပြီး​လျှင်``မ​ကြောက်​နှင့် ငါ​သည်​အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ