ကောလောသဲ 1:2 - Myanmar Common Language Zawgyi Version2 ကောလောသဲမြို့ရှိဘုရားသခင်၏လူစုတော် ဝင်များဖြစ်သူ၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ခရစ်တော်ကိုသစ္စာရှိသူညီ အစ်ကိုများထံသို့စာရေးလိုက်ပါသည်။ သင် တို့သည်ငါတို့အဖဘုရားသခင်ထံတော် မှကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ကြရပါစေသော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 ကောလောသဲမြို့တွင်နေကြသည့် သန့်ရှင်းသူများတည်းဟူသော ခရစ်တော်၌ရှိသောသစ္စာရှိသည့်ညီအစ်ကိုများထံသို့ စာရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2 ကောလောသဲမြို့၌နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ အခန်းကိုကြည့်ပါ။ |
ကောရိန်သုမြို့ရှိဘုရားသခင်၏အသင်းတော် ဝင်အပေါင်းတို့ထံသို့လည်းကောင်း၊ အရပ် ခပ်သိမ်းမှငါတို့၏အရှင်နှင့်သူတို့၏အရှင် ဖြစ်တော်မူသောအရှင်ယေရှုခရစ်ကိုကိုးကွယ် သူအပေါင်းတို့နှင့်တကွ ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းရှိသောအားဖြင့် ဘုရား သခင်၏လူစုတော်အဖြစ်ရွေးချယ်ခြင်း ခံရကြသူအပေါင်းတို့ထံသို့လည်းကောင်း စာရေးလိုက်ပါသည်။
ထိုအကြောင်းကြောင့်ငါသည်တိမောသေကို သင်တို့ထံသို့စေလွှတ်လိုက်ပါမည်။ သူသည် ခရစ်ယာန်သက်တမ်း၌ ငါချစ်မြတ်နိုး၍သစ္စာ ရှိသောသားဖြစ်ပါ၏။ သူသည်ငါလိုက်လျှောက် ကျင့်သုံးသောအရပ်ရပ်ရှိအသင်းတော် အပေါင်းတို့အား ငါဟောပြောသွန်သင်ခဲ့သော၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သော ဘဝသစ်လမ်းစဉ်ကို သင်တို့အားပြန်လည် သတိရစေပါလိမ့်မည်။