အာမုတ် 5:13 - Myanmar Common Language Zawgyi Version13 ဤမျှဆိုးယုတ်သောခေတ်ကာလ၌လိမ္မာရေး ခြားရှိသူသည် နှုတ်ပိတ်ရေငုံနေမည်မှာမ ဆန်းတော့ပေ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်13 ဤကာလသည် ဆိုးညစ်သောကာလဖြစ်သောကြောင့် ပညာသတိရှိသူသည် နှုတ်ဆိတ်နေလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version13 ထိုသို့သောကာလသည် ဆိုးယုတ်သောကာလ ဖြစ်သောကြောင့်၊ ပညာရှိသောသူသည် တိတ်ဆိတ်စွာ နေလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သေလွန်သူတစ်ဦး၏ဆွေမျိုးတစ်ယောက်က သေလွန်သွားသူ၏အလောင်းကိုမီးသတ်ရန် ရောက်လာ၍ အိမ်အတွင်းထဲ၌ရှိနေသူတစ် ယောက်အား``မည်သူများကျန်ပါသေး သနည်း'' ဟုမေးလိုက်သော်၊ ``မည်သူမျှမကျန်တော့ပါ'' ဟူသော အဖြေကိုသာကြားရလိမ့်မည်။ ယင်းနောက်ထိုသူကပင်``တိတ်လော့၊ ထာဝရ ဘုရား၏နာမတော်ကိုမျှမဆိုမိရန် ငါ တို့သတိထားရမည်'' ဟုဆိုလိမ့်မည်။
ကျွန်တော်မျိုးသည် ဤအမှုအရာအပေါင်းကို ကြားလျှင် ထိတ်လန့်၍သွားပါ၏။ ကြောက်စိတ်ဖြင့် ကျွန်တော်မျိုး၏နှုတ်ခမ်းတို့သည် ဆတ်ဆတ်တုန်လျက် ကိုယ်ခနွာသည် ပြော့အိကာ ခြေတို့သည် ခွေယိုင်လျက်နေပါ၏။ ကျွန်တော်မျိုးတို့ကို တိုက်ခိုက်သူတို့အား ဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူမည့်အချိန်ကို ကျွန်တော်မျိုးသည် ငြိမ်သက်စွာစောင့်မျှော်၍နေပါမည်။