တမန်တော် 7:59 - Myanmar Common Language Zawgyi Version59 ဤသို့သူ့ကိုကျောက်ခဲနှင့်ပေါက်နေကြစဉ် သတေဖန်သည်``အို သခင်ယေရှု၊ အကျွန်ုပ်၏ ဝိညာဉ်ကိုသိမ်းပိုက်တော်မူပါ'' ဟုဆုတောင်း ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်59 သူတို့သည် သတေဖန်ကို ခဲနှင့်ပေါက်ကြစဉ် သတေဖန်သည် ပတ္ထနာပြုလျက် “သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို လက်ခံတော်မူပါ”ဟု မြွက်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version59 ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပတ္ထနာပြုလျက်၊ သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို သိမ်းယူတော်မူပါဟု လျှောက်ဆို၏။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ထာဝရဘုရားထံကူမတော် မူရန် လျှောက်ထားကြသူလူအပေါင်းတို့မူကား၊ ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း `ယေရုရှလင်မြို့သူ၊ မြို့သား အချို့တို့သည်အသက်ဘေးနှင့် ကင်းလွတ်ကြလိမ့်မည်။ ငါရွေးချယ်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်' ဟုမိန့်တော်မူ၏။''
ကောရိန်သုမြို့ရှိဘုရားသခင်၏အသင်းတော် ဝင်အပေါင်းတို့ထံသို့လည်းကောင်း၊ အရပ် ခပ်သိမ်းမှငါတို့၏အရှင်နှင့်သူတို့၏အရှင် ဖြစ်တော်မူသောအရှင်ယေရှုခရစ်ကိုကိုးကွယ် သူအပေါင်းတို့နှင့်တကွ ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းရှိသောအားဖြင့် ဘုရား သခင်၏လူစုတော်အဖြစ်ရွေးချယ်ခြင်း ခံရကြသူအပေါင်းတို့ထံသို့လည်းကောင်း စာရေးလိုက်ပါသည်။