တမန်တော် 6:8 - Myanmar Common Language Zawgyi Version8 သတေဖန်သည်ဘုရားသခင်၏ကောင်းချီး မင်္ဂလာကိုကြွယ်ဝစွာခံစားရသူ၊ တန်ခိုးတော် ကိုခံယူရရှိသူဖြစ်သဖြင့် အံ့သြဖွယ်ရာ အမှုများနှင့်နိမိတ်လက္ခဏာများကိုပြလေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 သတေဖန်သည် ကျေးဇူးတော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း ပြည့်ဝလျက် ကြီးစွာသောနိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို လူတို့ရှေ့တွင်ပြုလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 သတေဖန်သည် ကျေးဇူးတော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း ပြည့်စုံသဖြင့်၊ ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို လူများရှေ့မှာပြုလေ၏။- အခန်းကိုကြည့်ပါ။ |
ဤအကြံကိုတပည့်တော်အပေါင်းတို့နှစ်သက် ကြ၏။ သူတို့သည်သတေဖန်ကိုရွေးချယ်ကြ ၏။ သတေဖန်သည်ယုံကြည်ခြင်းအားကြီး၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသူဖြစ် ၏။ ထို့နောက်ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့်နိကောလတို့ကိုလည်းရွေးချယ် ကြ၏။ နိကောလကားယုဒအမျိုးသားမဟုတ်၊ ယုဒဘာသာသို့ကူးပြောင်းလာသူအန္တိအုတ် မြို့သားဖြစ်၏။-
လူသားတို့အားဆုကျေးဇူးများကိုချပေး တော်မူသောအရှင်သည်လည်း ကိုယ်တော်ပင်ဖြစ် ပေသည်။ ကိုယ်တော်သည်လူအချို့တို့ကိုတမန် တော်အရာ၌လည်းကောင်း၊ အချို့တို့ကိုပရော ဖက်အရာ၌လည်းကောင်း၊ အချို့တို့ကိုဧဝံ ဂေလိတရားဟောဆရာအရာ၌လည်းကောင်း၊ အချို့တို့ကိုသင်းအုပ်ဆရာနှင့်ဓမ္မပညာဆရာ အရာ၌လည်းကောင်းခန့်ထားတော်မူ၏။-