Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 27:39 - Myanmar Common Language Zawgyi Version

39 မိုး​လင်း​သော​အ​ခါ​သင်္ဘော​သား​တို့​သည် မိ​မိ တို့​မည်​သည့်​အ​ရပ်​သို့​ရောက်​ရှိ​နေ​မှန်း​မ​သိ ကြ​သော်​လည်း ပင်​လယ်​ကွေ့​ကမ်း​ခြေ​တစ်​ခု​ကို တွေ့​မြင်​ကြ​သ​ဖြင့် ဖြစ်​နိုင်​ပါ​က​ထို​ကမ်း​ခြေ ပေါ်​သို့​သင်္ဘော​ကို​ထိုး​တင်​ရန်​ဆုံး​ဖြတ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

39 မိုးလင်း​သောအခါ မည်သည့်​အရပ်​ဒေသ​ဖြစ်​သည်​ကို မ​သိ​သော်လည်း ကမ်းခြေ​ရှိ​သော ပင်လယ်ကွေ့​တစ်​ခု​ကို​မြင်​ရ​၍ ဖြစ်နိုင်​လျှင် ထို​ကမ်းခြေ​ပေါ်သို့ သင်္ဘော​ကို​ထိုးတင်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

39 မိုး​လင်း​သော​အ​ခါ ထို​အ​ရပ်​ကို မ​သိ​သော်​လည်း၊ ထောင့်​ကွေ့​တစ်​ခု၌ သင်္ဘော​ဆိပ်​ရှိ​သည်​ကို မြင်​သော​ကြောင့်၊ သင်္ဘော​ကို အ​ထဲ​သို့​သွင်း​နိုင်​လျှင် သွင်း​မည်​ဟု အ​ကြံ​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 27:39
3 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​သည်​စိတ်​သ​ဘော​ထား​မြင့်​မြတ်​သူ​ဖြစ် သည်​အ​လျောက်​မာ​ရိ​အား​အ​သ​ရေ​မ​ပျက်​စေ လို​သ​ဖြင့် သူ​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​မှု​ကို တိတ်​တ​ဆိတ်​ဖျက်​သိမ်း​ရန်​အ​ကြံ​ရှိ​၏။-


သူ​တို့​သည်​ကျောက်​ကြိုး​ကို​ဖြတ်​၍​ကျောက်​ဆူး များ​ကို​ပင်​လယ်​ထဲ​သို့​ချ​လိုက်​ကြ​၏။ တစ်​ချိန် တည်း​မှာ​ပင်​ပဲ့​ထိန်း​တက်​များ​မှ​ကြိုး​တို့​ကို လည်း​ဖြေ​ကြ​၏။ ထို​နောက်​သင်္ဘော​ဦး​မှ​ရွက် ကို​တင်​၍​ကမ်း​ခြေ​ဘက်​သို့​ရွက်​တိုက်​ကြ​၏။-


ကျွန်ုပ်​တို့​သည်​ဘေး​ကင်း​စွာ​ကုန်း​ပေါ်​သို့ ရောက်​ကြ​သော​အ​ခါ ထို​ကျွန်း​ကို​မေ​လိ​တေ ကျွန်း​ဟု​ခေါ်​ကြောင်း​သိ​ရှိ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ