Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 24:21 - Myanmar Common Language Zawgyi Version

21 ထို​သို့​မ​ဟုတ်​လျှင်​လည်း​အ​ကျွန်ုပ်​သည် တ​ရား​လွှတ်​တော်​အ​ဖွဲ့​ရှေ့​တွင် ချေ​ပ​လျှောက် လဲ​နေ​စဉ်​အ​ခါ​က `အ​ကျွန်ုပ်​သည်​သူ​သေ တို့​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ကို​မျှော် လင့်​သူ​ဖြစ်​သ​ဖြင့် ယ​နေ့​သင်​တို့​ရှေ့​တွင် အ​စစ်​အ​ဆေး​ခံ​နေ​ရ​ပါ​၏' ဟူ​၍​ကြွေး ကြော်​ခဲ့​သည့်​စ​ကား​ရပ်​မှ​တစ်​ပါး​အ​ခြား အ​ဘယ်​ပြစ်​မှု​ရှိ​ကြောင်း​ဤ​သူ​တို့​ဖော်​ပြ ကြ​ပါ​စေ'' ဟု​လျှောက်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 အကျွန်ုပ်​သည် သူ​တို့​ရှေ့၌​ရပ်​လျက် ‘အကျွန်ုပ်​သည် သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​နှင့်​ပတ်သက်၍ ယနေ့ သင်​တို့​ရှေ့၌ စစ်ဆေး​စီရင်​ခံ​နေ​ရ​ပါ​သည်’​ဟူသော​စကား​တစ်ခွန်း​ကို​သာ ကြွေးကြော်​ခဲ့​ပါ​သည်”​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 အ​ကျွန်ုပ်​သည် သင်​တို့​ရှေ့၌ ယ​နေ့​စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ၏​ဟု ကြွေး​ကြော်​သော စ​ကား​သံ​တစ်​ခွန်း​ကို​ထား​လျှင်၊ အ​ကျွန်ုပ်၌ အ​ဘယ်​အ​ပြစ်​ကို တွေ့​ကြ​သည်​ကို ယ​ခု​ရှိ​သော ဤ​သူ​တို့​သည် ပြော​ကြ​ပါ​စေ​ဟု ပေါ​လု လျှောက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 24:21
5 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ထဲ​တွင်​လူ တစ်​စု​က ဖာ​ရိ​ရှဲ​များ​ဖြစ်​၍​အ​ခြား​တစ်​စု က​ဇဒ္ဒု​ကဲ​များ​ဖြစ်​ကြောင်း​ကို​သိ​မြင်​သော အ​ခါ ``ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည်​ဖာ​ရိ​ရှဲ ဖြစ်​ပါ​၏။ ဖာ​ရိ​ရှဲ​၏​သား​လည်း​ဖြစ်​ပါ​၏။ သေ​သူ​တို့​သည်​ရှင်​ပြန်​ထ​မြောက်​မည်​ကို မျှော်​လင့်​သူ​ဖြစ်​သ​ဖြင့် ယ​ခု​အ​ကျွန်ုပ်​သည် အ​စစ်​အ​ဆေး​ခံ​နေ​ရ​ခြင်း​ဖြစ်​ပါ​၏'' ဟု တ​ရား​လွှတ်​တော်​တွင်​ကြွေး​ကြော်​လေ ၏။


အ​ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​ကို​အား​ကိုး မျှော်​လင့်​သူ​ဖြစ်​၍ လူ​ဆိုး​လူ​ကောင်း​မ​ရွေး လူ​ခပ်​သိမ်း​တို့​သည် သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ကြ​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​၏။-


သို့​ဖြစ်​၍​သင်​တို့​နှင့်​တွေ့​ဆုံ​ခွင့်​ကို​တောင်း​ခံ ခဲ့​ခြင်း​ဖြစ်​သည်။ ငါ​သည်​ဤ​သံ​ကြိုး​များ ဖြင့်​အ​ချည်​အ​နှောင်​ခံ​ရ​သည်​မှာ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မျှော်​လင့်​စောင့်​စား​လျက်​နေ ကြ​သည့်​အ​ရှင်​၏​အ​တွက်​ကြောင့်​ပင်​ဖြစ်​သည်'' ဟု​ဆို​၏။


တ​မန်​တော်​တို့​သည် သေ​ခြင်း​မှ​သ​ခင်​ယေ​ရှု ရှင်​ပြန်​ထ​မြောက်​သည့်​အ​ကြောင်း​ကို​ဟော​ပြော လျက်​နေ​သ​ဖြင့် ဇဒ္ဒု​ကဲ​တို့​စိတ်​ဆိုး​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သေ​ခြင်း မှ​ရှင်​ပြန်​ထ​မြောက်​မှု​သည် သူ​သေ​တို့​ရှင်​ပြန် ထ​မြောက်​ကြ​လိမ့်​မည်​ဟူ​သော​အ​ယူ​ဝါ​ဒ မှန်​ကန်​ကြောင်း​ကို သက်​သေ​ထူ​လျက်​ရှိ​သော ကြောင့်​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ