တမန်တော် 23:18 - Myanmar Common Language Zawgyi Version18 သို့ဖြစ်၍တပ်ခွဲမှူးသည်ထိုလူငယ်ကိုတပ်မှူး ထံသို့ခေါ်ဆောင်ခဲ့ပြီးနောက် ``အကျဉ်းသား ပေါလုသည်အကျွန်ုပ်ကိုခေါ်၍ဤလူငယ်ကို အရှင့်ထံသို့အပို့ခိုင်းပါသည်။ သူ့မှာအရှင့် အားလျှောက်ထားရန်ကိစ္စတစ်ခုရှိပါသည်'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်18 ထို့ကြောင့် တပ်မှူးသည် သူ့ကိုခေါ်ဆောင်၍ တပ်မှူးကြီးထံသို့ သွားပြီးလျှင် “အကျဉ်းသားပေါလုက အကျွန်ုပ်ကိုခေါ်၍ ဤလူငယ်ကို အရှင့်ထံခေါ်လာရန် တောင်းဆိုပါသည်။ သူ၌ အရှင့်ထံလျှောက်ထားစရာ တစ်စုံတစ်ခုရှိပါသည်”ဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version18 တပ်မှူးသည် လုလင်ကို စစ်သူကြီးထံသို့ ပို့ပြီးလျှင်၊ အကျဉ်းခံရသော ပေါလုသည် အကျွန်ုပ်ကို ခေါ်၍၊ ကိုယ်တော်အားလျှောက်စရာ တစ်စုံတစ်ခုရှိသော ဤလုလင်ကို ကိုယ်တော်ထံသို့ ပို့စေခြင်းငှာ တောင်းပန်ပါသည်ဟုလျှောက်၏။- အခန်းကိုကြည့်ပါ။ |
နောက်သုံးရက်ကြာလျှင်ပေါလုသည် မြို့ပေါ်ရှိ ယုဒအမျိုးသားခေါင်းဆောင်များကိုဖိတ်ခေါ် ၏။ ထိုသူတို့လာရောက်စုဝေးလျက်ရှိသော အခါပေါလုက ``ညီအစ်ကိုတို့၊ ငါသည်မိမိ အမျိုးသားတို့အားလည်းကောင်း၊ ဘိုးဘေး တို့၏ထုံးတမ်းစဉ်လာများအားလည်းကောင်း ဆန့်ကျင်သည့်အမှုတစ်စုံတစ်ရာကိုမျှ မပြုလုပ်ခဲ့သော်လည်း ယုဒအမျိုးသားတို့ သည်ယေရုရှလင်မြို့တွင် ငါ့ကိုဖမ်းဆီးပြီး လျှင်ရောမအမျိုးသားတို့၏လက်သို့အပ် ကြ၏။-