တမန်တော် 20:6 - Myanmar Common Language Zawgyi Version6 ကျွန်ုပ်တို့မူကားတဆေးမဲ့မုန့်ပွဲလွန်သော အခါ ဖိလိပ္ပုမြို့မှသင်္ဘောလွှင့်၍လာရာငါး ရက်ကြာသော် သူတို့ရှိရာတရောမြို့သို့ ရောက်၍ထိုမြို့တွင်ခုနစ်ရက်မျှနေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 တဆေးမဲ့မုန့်ပွဲတော်နေ့များလွန်သောအခါ ငါတို့သည် ဖိလိပ္ပိမြို့မှ ရွက်လွှင့်၍ ငါးရက်အတွင်း တရောမြို့၌ရှိသောထိုသူတို့ထံသို့ ရောက်ပြီးလျှင် ထိုမြို့တွင် ခုနစ်ရက်နေကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့်လွှင့်၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ရောက်၍ ခုနစ်ရက် နေကြ၏။ အခန်းကိုကြည့်ပါ။ |
ဤသို့ဗျာဒိတ်ရူပါရုံကိုပေါလုမြင်ပြီးနောက် ချက်ချင်းပင်ကျွန်ုပ်တို့သည်မာကေဒေါနိပြည် သို့သွားရန်ပြင်ဆင်ကြ၏။ အဘယ်ကြောင့်ဆို သော်မာကေဒေါနိပြည်သားတို့အားသတင်း ကောင်းကိုဟောပြောရန် ကျွန်ုပ်တို့အားဘုရား သခင်စေခိုင်းတော်မူသည်ဟုဆုံးဖြတ်ချက် ချကြခြင်းကြောင့်ဖြစ်၏။
ငါတို့သည်သင်တို့ရှိရာသက်သာလောနိတ် မြို့သို့မလာမီ ဖိလိပ္ပိမြို့တွင်ညှဉ်းပန်းစော် ကားမှုတို့ကိုခံခဲ့ရကြောင်းသင်တို့သိကြ၏။ ယင်းသို့အတိုက်အခံပြုခြင်းခံရသော်လည်း သင်တို့အားဘုရားသခင်၏သတင်းကောင်း ကိုကြေညာဟောပြောနိုင်ရန်စွမ်းရည်သတ္တိ ကို ငါတို့အားဘုရားသခင်ပေးတော်မူ၏။-