တမန်တော် 20:3 - Myanmar Common Language Zawgyi Version3 သူသည်ထိုပြည်တွင်သုံးလမျှနေ၏။ ထို နောက်ရှုရိပြည်သို့သင်္ဘောလွှင့်မည်အပြု တွင်သူ၏အသက်ကိုရန်ရှာရန် ယုဒအမျိုး သားတို့လျှို့ဝှက်ကြံစည်နေကြကြောင်းကို ကြားသိရ၏။ သို့ဖြစ်၍သူသည်မာကေ ဒေါနိပြည်ကိုဖြတ်၍ပြန်ရန်စိတ်ပိုင်းဖြတ် လိုက်လေသည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ထိုပြည်၌ သုံးလနေပြီးနောက် ဆီးရီးယားပြည်သို့ ရွက်လွှင့်မည်ပြုစဉ်တွင် ဂျူးလူမျိုးတို့သည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် မာကေဒေါနိပြည်ကိုဖြတ်၍ ပြန်သွားရန် ဆုံးဖြတ်လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံကို ကြံသောကြောင့်၊ မာကေဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
ငါသည်ခရီးအကြိမ်ကြိမ်ပြုရာတွင်မြစ် ရေလျှံသည့်ဘေး၊ ဓားပြများ၏ဘေး၊ ငါ့ လူမျိုးများဖြစ်သောယုဒပြည်သူတို့၏ ဘေး၊ လူမျိုးခြားတို့၏ဘေး၊ မြို့ကြီးများ တွင်တွေ့ရတတ်သည့်ဘေး၊ တောကျေးလက် ၌ဆိုက်ရောက်တတ်သည့်ဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်တို့၏ဘေးများ နှင့်ကြုံတွေ့ခဲ့ရ၏။-