တမန်တော် 19:6 - Myanmar Common Language Zawgyi Version6 ပေါလုသည်သူတို့၏ဦးခေါင်းအပေါ်မှာ လက်ကိုတင်လိုက်သောအခါ သန့်ရှင်းသောဝိညာဉ် တော်သည်သူတို့၏အပေါ်သို့သက်ရောက်တော် မူ၏။ ထိုအခါသူတို့သည်ထူးဆန်းသောဘာ သာစကားများကိုပြောကြ၏။ ဘုရားသခင် ၏တရားတော်ကိုလည်းဟောပြောကြေညာ ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 ပေါလုသည် သူတို့အပေါ်လက်တင်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သို့ သက်ရောက်သဖြင့် သူတို့သည် အခြားသောဘာသာစကားများကိုပြောဆိုလျက် ပရောဖက်ပြုဟောပြောကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကိုပြော၍ ပရောဖက်ပြုကြ၏။- အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်အာနနိသည်ရှောလုရှိသည့်အိမ် သို့သွား၍ ရှောလု၏အပေါ်မှာလက်ကိုတင် ပြီးလျှင် ``ငါ့ညီ၊ သင်သည်မျက်စိအလင်းကို ပြန်လည်ရရှိစေရန်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝလာစေရန်လည်း ကောင်း၊ လမ်းခရီးတွင်သင့်အားထင်ရှားတော် မူသောသခင်ယေရှုသည် ငါ့အားသင့်ထံသို့ စေလွှတ်တော်မူလိုက်၏'' ဟုဆို၏။-