တမန်တော် 19:16 - Myanmar Common Language Zawgyi Version16 ထိုနောက်နတ်မိစ္ဆာပူးဝင်နေသူသည် သူတို့ အားအပြင်းအထန်သတ်ပုတ်တိုက်ခိုက်ရာ သူတို့သည်အရေးရှုံးနိမ့်လျက်အနာတရ ဖြစ်ပြီးလျှင်အဝတ်များစုတ်ပြဲ၍ ထိုအိမ် မှထွက်ပြေးရကြလေသည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်16 ထိုနတ်ဆိုးပူးသူသည် သူတို့အပေါ်သို့ခုန်တက်ကာ သူတို့အားလုံးကိုနှိမ်နင်း၍ အနိုင်ယူသောကြောင့် သူတို့သည် ထိုအိမ်မှ အဝတ်မပါဘဲ ဒဏ်ရာများနှင့်ထွက်ပြေးကြရ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့်၊ ထိုအိမ်မှ အဝတ်မပါဘဲအနာများနှင့် ထွက်ပြေးစေ၏။- အခန်းကိုကြည့်ပါ။ |
သို့လျှောက်ထားရသည့်အကြောင်းမှာကိုယ်တော် သည်ညစ်ညမ်းသောနတ်အားထိုသူ၏အထဲမှ ထွက်ခဲ့ရန်အမိန့်ပေးလိုက်သောကြောင့်ဖြစ်၏။ နတ်မိစ္ဆာသည်ထိုသူကိုကြိမ်ဖန်များစွာပူးကပ် ခဲ့၏။ သူ၏ခြေလက်တို့ကိုသံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်စောင့်ကြပ်ထားသော်လည်း သူသည်သံကြိုးများကိုချိုးဖြတ်၍တော ကန္တာရသို့ထွက်ပြေးတတ်၏။