Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 18:13 - Myanmar Common Language Zawgyi Version

13 သူ​တို့​က ``ဤ​သူ​သည်​ပ​ညတ်​တ​ရား​တော် နှင့်​ဆန့်​ကျင်​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ် ကြ​စေ​ရန်​လူ​တို့​အား​သွေး​ဆောင်​လျက် နေ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 “ဤ​သူ​သည် ပညတ်​တရား​နှင့်​ဆန့်ကျင်​လျက် ဘုရားသခင်​ကို ကိုးကွယ်​ကြ​ရန် လူ​တို့​ကို​စည်းရုံး​နေ​ပါ​သည်”​ဟု လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 လူ​တို့​သည် ဘု​ရား​ကို​မ​တ​ရား​သ​ဖြင့် ကိုး​ကွယ်​စေ​ခြင်း​ငှာ၊ ဤ​သူ​သည် ဖြား​ယောင်း​တတ်​ပါ​သည် ဟု​ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 18:13
7 ပူးပေါင်းရင်းမြစ်များ  

လူ​ထု​က ``ထို​သူ​သည်​မိမိ​ကိုယ်​ကို​ဘု​ရား သ​ခင်​၏​သား​တော်​ဟု​ဆို​သော​ကြောင့် သေ​ဒဏ် ခံ​ထိုက်​ကြောင်း အ​ကျွန်ုပ်​တို့​တ​ရား​ဥ​ပ​ဒေ က​ဆို​ပါ​သည်'' ဟု​ပြန်​၍​ဖြေ​ကြား​၏။


သို့​ရာ​တွင်​ဤ​အ​မှု​၏​စ​ကား​များ၊ နာ​မည် များ​သည်​သင်​တို့​၏​ပ​ညတ်​တ​ရား​နှင့်​သက် ဆိုင်​သည့်​အ​မှု​ဖြစ်​သ​ဖြင့် သင်​တို့​ကိုယ်​တိုင် ပင်​စီ​ရင်​ဆုံး​ဖြတ်​ကြ​လော့။ ထို​အ​မှု​မျိုး ကို​ငါ​မ​စီ​ရင်​ပြီ'' ဟု​ဆို​၍၊-


ယု​ဒ​အ​မျိုး​သား​နှင့်​ဂ​ရိ​အ​မျိုး​သား​များ နား​လည်​သ​ဘော​ပေါက်​လာ​ကြ​စေ​ရန် သူ​သည် ဥ​ပုသ်​နေ့​တိုင်း​တ​ရား​ဇ​ရပ်​တွင်​တ​ရား​ဆွေး နွေး​၏။


သူ​တို့​က ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ကူ​ညီ ကြ​ပါ။ ဤ​သူ​သည်​အ​ရပ်​တ​ကာ​သို့​သွား​၍ ငါ တို့​အ​မျိုး​သား​တို့​ကို​လည်း​ကောင်း၊ ဤ​ဗိ​မာန် တော်​ကို​လည်း​ကောင်း​ပြစ်​တင်​ရှုတ်​ချ​ကာ လူ အ​ပေါင်း​တို့​အား​ဟော​ပြော​သွန်​သင်​သူ​ဖြစ်​၏။ ထို​မျှ​မ​က​ယ​ခု​သူ​သည်​ဂ​ရိ​အ​မျိုး​သား တို့​ကို ဗိ​မာန်​တော်​ထဲ​သို့​ခေါ်​ဆောင်​လာ​ပြီး လျှင် ဤ​မြင့်​မြတ်​သန့်​ရှင်း​သည့်​ဌာ​န​တော် ကို​ညစ်​ညမ်း​စေ​ပါ​၏'' ဟု​ဟစ်​အော်​ကြ​၏။-


ပေါ​လု​က ``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား တို့​၏​ပ​ညတ်​တ​ရား​ကို​ဖြစ်​စေ၊ ဗိ​မာန်​တော် ကို​ဖြစ်​စေ၊ ရော​မ​ဧ​က​ရာဇ်​မင်း​ကို​ဖြစ်​စေ ပြစ်​မှား​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ကူး​လွန် ခဲ့​ပါ'' ဟု​ချေ​ပ​ပြော​ဆို​၏။


ထို့​နောက်​သူ​တို့​သည်​မု​သား​သက်​သေ​များ​ကို ခေါ်​ဆောင်​ခဲ့​ကြ​၏။ ထို​သက်​သေ​များ​က``ဤ​သူ သည်​ဗိ​မာန်​တော်​နှင့်​ပ​ညတ်​တ​ရား​တော်​တို့ ကို​ဆန့်​ကျင်​၍ အ​မြဲ​ပြော​ဆို​လျက်​နေ​ပါ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ