တမန်တော် 15:12 - Myanmar Common Language Zawgyi Version12 ဗာနဗနှင့်ပေါလုတို့သည်မိမိတို့အား ဖြင့် လူမျိုးခြားတို့တွင်ဘုရားသခင်ပြု တော်မူသော အံ့သြဖွယ်ရာများနှင့်နိမိတ် လက္ခဏာများအကြောင်းကိုပြောကြားနေ စဉ်စုဝေးသောလူအားလုံးပင်ဆိတ်ငြိမ်စွာ နားထောင်လျက်နေကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12 ထိုအခါ စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်သွား၍ ဗာနဗနှင့်ပေါလုတို့က မိမိတို့အားဖြင့် လူမျိုးခြားတို့အလယ်၌ ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအကြောင်း ပြောပြကြသည်ကို နားထောင်လျက်နေကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version12 ထိုအခါ ဗာနဗနှင့် ပေါလုတို့သည် မိမိတို့အားဖြင့် တစ်ပါးအမျိုးသားတို့တွင် ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ကြားပြောသည်ကို စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်စွာနေ၍ နားထောင်ကြ၏။ အခန်းကိုကြည့်ပါ။ |
အသင်းတော်ဝင်တို့သည်ထိုကိုယ်စားလှယ်အဖွဲ့ အား မြို့ပြင်သို့ရောက်အောင်လိုက်ပို့ကြ၏။ ထို အဖွဲ့သည်ဖိနိတ်ပြည်နှင့်ရှမာရိပြည်တို့ကို ဖြတ်သွားစဉ် လူမျိုးခြားတို့ဘုရားသခင်ထံ သို့ပြောင်းလဲလာကြပုံကိုပြောပြကြသဖြင့် ညီအစ်ကိုအပေါင်းတို့သည်လွန်စွာဝမ်းမြောက် ကြ၏။-
လူမျိုးခြားတို့သည်ဘုရားသခင်၏စကား ကိုနာခံလာကြစေရန်ငါ၏အပြောအဆို အပြုအမူများအားဖြင့်လည်းကောင်း၊ ထူး ဆန်းသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် အမှုအရာများအားဖြင့်လည်းကောင်း၊ ဘုရား သခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ခရစ်တော်ပြုတော်မူသောအရာများအကြောင်း ကိုသာလျှင်ငါရဲဝံ့စွာဖော်ပြမည်။ သို့ဖြစ်၍ ငါသည်ယေရုရှလင်မြို့မှဣလုရိပြည်အထိ ရောက်ရှိသည့်အရပ်ရပ်၌ ခရစ်တော်အကြောင်း သတင်းကောင်းကိုအကုန်အစင်ကြေညာ ခဲ့ပြီ။-