တမန်တော် 12:6 - Myanmar Common Language Zawgyi Version6 ဟေရုဒ်မင်းသည်ပေတရုကိုလူတို့ရှေ့သို့ ခေါ်ထုတ်စစ်ဆေးမည့်နေ့မရောက်မီည၌ ပေတရုသည်စစ်သားနှစ်ယောက်၏ကြားတွင် အိပ်ပျော်လျက်နေ၏။ သူ့ကိုသံကြိုးနှစ်ချောင်း ဖြင့်ချည်နှောင်ထား၏။ ထောင်တံခါးရှေ့တွင်လည်း အစောင့်တပ်သားများသည်စောင့်ကြပ်လျက် ရှိကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 ဟေရုဒ်မင်းသည် ပေတရုကိုထုတ်ဆောင်ရန် ကြံရွယ်ထားသည့်နေ့မတိုင်မီည၌ ပေတရုသည် သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ခြင်းခံရလျက် စစ်သားနှစ်ဦးကြားတွင် အိပ်ပျော်နေ၏။ အစောင့်များသည်လည်း တံခါးရှေ့တွင် ထောင်ကိုစောင့်ကြပ်နေကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version6 ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညအချိန်တွင် သံကြိုးနှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့်များတို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။- အခန်းကိုကြည့်ပါ။ |
တပ်မှူးနေဗုဇာရဒန်သည်ငါ့အားရာမမြို့ တွင်အနှောင်အဖွဲ့မှဖြေလွှတ်ပြီးသောအခါ ထာဝရဘုရားသည်ငါ့ကိုဗျာဒိတ်ပေးတော် မူ၏။ ငါသည်ဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ်ဆောင် လာသော အခြားယေရုရှလင်မြို့သူမြို့သား များ၊ ယုဒပြည်သားများနှင့်အတူထိုမြို့ သို့လိုက်ပါလာခဲ့ရလေသည်။