တမန်တော် 10:11 - Myanmar Common Language Zawgyi Version11 ထိုဗျာဒိတ်ရူပါရုံတွင်မိုးကောင်းကင်ကွဲဟ သည်ကိုလည်းကောင်း၊ ထောင့်လေးထောင့်မှချုပ် ကိုင်ထားသောရွက်ထည်ကြီးနှင့်တူသည့် အရာမြေသို့ကျလာသည်ကိုလည်းကောင်း တွေ့မြင်ရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်11 ကောင်းကင်သည်ပွင့်လျက် ထောင့်လေးခုမှထိန်းထားပြီး မြေပေါ်သို့လျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခု နိမ့်ဆင်းလာသည်ကို တွေ့ရ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version11 ကောင်းကင်ဖွင့်လှစ်သည်ကိုလည်းကောင်း၊ ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ မြေသို့ချလွှတ်သော တန်ဆာသည် မိမိဆီသို့ ဆင်းသက်လာသည်ကိုလည်းကောင်း မြင်လေ၏။- အခန်းကိုကြည့်ပါ။ |
သူတို့သည်ကားဘုရားသခင်၏လူစုတော် ဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့အား သားများအဖြစ်ဖြင့်ချီးမြှောက်တော်မူ၍ မိမိ၏ဘုန်းအသရေတော်ကိုဖူးမြင်ခွင့် ပေးတော်မူ၏။ ကိုယ်တော်သည်သူတို့နှင့် ပဋိညာဉ်များပြုတော်မူ၏။ သူတို့အား ပညတ်တရားကိုပေးအပ်တော်မူ၏။ သူ တို့သည်မှန်ကန်သောဝတ်ပြုကိုးကွယ်နည်း နှင့်ကတိတော်များကိုခံယူရရှိ၏။-
ထိုနက်နဲသောအရာကားသတင်းကောင်း အားဖြင့် လူမျိုးခြားတို့သည်ယုဒအမျိုး သားများနှင့်အတူ ဘုရားသခင်၏ကောင်း ချီးမင်္ဂလာကိုခံစားခွင့်ရရှိကြ၏။ သူတို့ သည်ခန္ဓာတော်၏အင်္ဂါများဖြစ်၍ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူ သောကတိတော်ကိုပါဝင်ခံစားခွင့်ရရှိ ကြ၏။