၂ ဓမ္မရာဇဝင် 9:3 - Myanmar Common Language Zawgyi Version3 မင်းကြီးက``ငါသည်ထာဝရဘုရားအလို တော်အတိုင်း ကျေးဇူးသစ္စာစောင့်သူဖြစ်ကြောင်း ပြသနိုင်ရန် ရှောလုမိသားစုမှကျန်ကြွင်းနေ သူတစ်စုံတစ်ယောက်ရှိပါသေးသလော'' ဟု မေးတော်မူလျှင်၊ ဇိဘက``ယောနသန်၏သားတစ်ယောက်ကျန် ရှိနေပါသေးသည်။ သူသည်ခြေဆွံ့၍နေပါ သည်'' ဟုလျှောက်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ထိုအခါ ရှင်ဘုရင်က “ရှောလုမင်းကြီး၏အမျိုးအနွယ် တစ်ဦးဦးရှိသေးသလော။ ဘုရားသခင်ထံမှ မေတ္တာကရုဏာတော်ကို သူ့အား ငါပြလို၏”ဟု ဆိုလျှင် ဇိဘက “ယောနသန်၌ သားတစ်ဦးရှိပါသေး၏။ သူသည် ခြေနှစ်ဖက်လုံးမသန်စွမ်းပါ”ဟု ရှင်ဘုရင်အား ပြန်လျှောက်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 ရှင်ဘုရင်ကလည်း၊ ဘုရားသခင့်အလိုတော်အတိုင်း ငါကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှာ၊ ရှောလုအဆွေအမျိုး တစ်စုံတစ်ယောက်မျှ မရှိသလောဟု မေးလျှင် ဇိဘက၊ ယောနသန်၌ ခြေဆွံ့သောသားတစ်ယောက် ရှိပါသေး၏ဟု လျှောက်သော်၊ အခန်းကိုကြည့်ပါ။ |
ရှောလု၏သားယောနသန်တွင်မေဖိဗောရှက် ဟုနာမည်တွင်သောသားတစ်ယောက်ကျန်ရစ်၏။ အသက်ငါးနှစ်ရှိသောသားငယ်ကိုအထိန်း တော်သည်ယေဇရေလမြို့မှ ရှောလုနှင့်ယော နသန်တို့အသတ်ခံရကြောင်းသတင်းကို ကြားလျှင်သူ့အားချီပွေ့၍ထွက်ပြေးလေ သည်။ သို့ရာတွင်အလျင်အမြန်ပြေးရသည့် အတွက်ကလေးသည်အထိန်းတော်၏လက် မှလွတ်ကျသဖြင့်ခြေဆွံ့လေ၏။-