၂ ဓမ္မရာဇဝင် 5:8 - Myanmar Common Language Zawgyi Version8 ထိုနေ့၌ဒါဝိဒ်ကမိမိ၏လူတို့အား``ယေ ဗုသိအမျိုးသားတို့ကိုငါမုန်းသကဲ့သို့ မုန်းသူတို့အားသတ်ဖြတ်မည့်သူရှိလျှင် ရေပြွန်ခေါင်းအတွင်းမှနေ၍မြို့ထဲသို့ဝင် ပြီးလျှင်မျက်မမြင်ခြေဆွံ့သူတို့အားတိုက် ခိုက်ကြလော့'' ဟုမိန့်တော်မူ၏။ (ထိုအကြောင်း ကိုအစွဲပြု၍``မျက်မမြင်နှင့်ခြေဆွံ့သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့မဝင် ရကြ'' ဟုဆိုလေ့ရှိလေသည်။) အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 ထိုနေ့တွင်ပင် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးတို့ကို တိုက်ခိုက်မည့်သူ မည်သူမဆို တူးမြောင်းကို ဖြတ်ပြီးလျှင် ဒါဝိဒ်မင်းကြီးကို မနှစ်သက်သောခြေမသန်သူများ၊ မျက်မမြင်သူများကို သုတ်သင်ပစ်ကြ”ဟု အမိန့်ပေး၏။ ထိုအကြောင်းကြောင့် “မျက်မမြင်သူ၊ ခြေမသန်သူများသည် နန်းတော်သို့ ဝင်ခွင့်မရှိ”ဟု ဆိုစမှတ်ပြုကြလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 ထိုနေ့၌ ဒါဝိဒ်က၊ အကြင်သူသည် ယေဗုသိလူတို့ကို တိုက်ဖျက်ပြီးမှ ကျုံးကိုလွန်၍၊ ဒါဝိဒ်သည် ဤနေရာသို့မဝင်ရဟု ဒါဝိဒ်အသက်ကိုမုန်းလျက် ပြောဆိုသော မျက်စိကန်းနှင့် ခြေဆွံ့သောသူတို့ကို လုပ်ကြံ၏။ ထိုသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည်အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။ အခန်းကိုကြည့်ပါ။ |
``သူ့အားကြည့်ကြလော့။ သူကြိမ်းဝါးသည် ကိုလည်းနားထောင်ကြလော့။ ရှောလုမင်း သည်ထိုသူ့ကိုသတ်ဖြတ်နိုင်သူအားဆု တော်လာဘ်တော်ကိုပေးတော်မူမည်ဟုကတိ ပြုထား၏။ မင်းကြီးသည်ထိုသူအား သမီး တော်နှင့်လည်းထိမ်းမြားစုံဖက်တော်မူပါ လိမ့်မည်။ ထို့ပြင်သူ့ဖခင်၏အိမ်ထောင်စုကို အခွန်တော်များလွတ်ငြိမ်းခွင့်ပြုတော်မူ လိမ့်မည်'' ဟုအချင်းချင်းပြောဆိုနေ ကြ၏။