Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 5:13 - Myanmar Common Language Zawgyi Version

13 ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​မှ​ပြောင်း​ရွှေ့​သွား​ပြီး နောက်​ယေ​ရု​ရှ​လင်​မြို့​တွင်​မောင်း​မ​များ​နှင့် မိ​ဖု​ရား​များ​ကို ထပ်​မံ​သိမ်း​ပိုက်​တော်​မူ သ​ဖြင့်​သား​သ​မီး​များ​ကို​ထပ်​မံ​ရ​ရှိ တော်​မူ​ပြန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ဒါဝိဒ်​မင်းကြီး​သည် ဟေဗြုန်​မြို့​မှ ဂျေရုဆလင်​မြို့​သို့ ရောက်လာ​ပြီးနောက် ဂျေရုဆလင်​မြို့​တွင် မိဖုရား​များ​၊ မောင်းမငယ်​များ ထပ်​ယူ​ပြီး သား​သမီး​များ​လည်း ထပ်မံ​ရရှိ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

13 ဒါ​ဝိဒ်​သည် ဟေ​ဗြုန်​မြို့​မှ​ပြောင်း​သော​နောက်၊ ယေ​ရု​ရှ​လင်​မြို့​သူ မ​ယား​ကြီး​မ​ယား​ငယ်​တို့​ကို ထပ်၍​သိမ်း​ယူ​သ​ဖြင့် သား​သ​မီး​များ​တို့​ကို မြင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 5:13
11 ပူးပေါင်းရင်းမြစ်များ  

သူ​ဌေး​တွင်​နွား​နှင့်​သိုး​အ​မြောက်​အ​မြား​ရှိ​၏။- v


ထို့​ကြောင့်​ဒါ​ဝိဒ်​သည်​မိ​မိ​အား​ဣသ​ရေ​လ ဘု​ရင်​အ​ဖြစ်​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​တည် ပြု​တော်​မူ​ကြောင်း​နှင့်​ကိုယ်​တော်​သည် မိ​မိ လူ​မျိုး​တော်​၏​အ​ကျိုး​ကို​ထောက်​၍ သူ​၏ နိုင်​ငံ​ကို​သာ​ယာ​ဝ​ပြော​စေ​တော်​မူ လျက်​ရှိ​ကြောင်း​ကို​သိ​မြင်​လာ​လေ​သည်။


ရှော​လ​မုန်​သည်​မင်း​သ​မီး​ခု​နစ်​ရာ​ကို​ထိမ်း မြား​သည့်​အ​ပြင် သူ​၏​မောင်း​မ​တော်​သုံး​ရာ ရှိ​သေး​၏။ သူ​တို့​သည်​မင်း​ကြီး​အား​ထာ​ဝ​ရ ဘု​ရား​ကို​ကျော​ခိုင်း​စေ​ပြီး​လျှင်၊-


ဟေ​ဗြုန်​မြို့​တွင်​ဒါ​ဝိဒ်​မင်း​နန်း​စံ​စဉ်​အ​ခါ ရ​ရှိ​သော​သား​များ​ကား ကြီး​စဉ်​ငယ်​လိုက် အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ယေ​ဇ​ရေ​လ​မြို့​သူ​အ​ဟိ​နောင်​က​မွေး​သော သား​အာ​မ​နုန်၊ က​ရ​မေ​လ​မြို့​သူ​အ​ဘိ​ဂဲ​လ​က​မွေး​သော သား​ဒံ​ယေ​လ၊ ဂေ​ရှု​ရ​ဘု​ရင်​တာ​လ​မဲ​၏​သ​မီး​မာ​ခါ​က မွေး​သော​သား​အ​ဗ​ရှ​လုံ၊ ဟ္ဂိတ်​က​မွေး​သော​သား​အ​ဒေါ​နိ​ယ၊ အ​ဘိ တ​လ​က​မွေး​သော​သား​ရှေ​ဖ​တိ၊ ဧ​ဂ​လ​မွေး​သော​သား​ဣ​သ​ရံ။


ဤ​သား​များ​အ​ပြင်​မောင်း​မ​တော်​များ​နှင့်​ရ​ရှိ သည့်​သား​များ​ရှိ​သေး​သည်။ သူ့​မှာ​တာ​မာ​နာ မည်​တွင်​သော​သ​မီး​တော်​တစ်​ပါး​လည်း​ရှိ​၏။


အ​ဘိ​ယ​မူ​ကား​တိုး​၍​တန်​ခိုး​ကြီး​လာ​၏။ သူ​၌​မိ​ဖု​ရား​တစ်​ဆယ့်​လေး​ယောက်၊ သား​နှစ် ဆယ့်​နှစ်​ယောက်​နှင့်​သ​မီး​တစ်​ဆယ့်​ခြောက် ယောက်​ရှိ​၏။-


ဘု​ရင်​သည်​မ​ယား​များ​စွာ​ရှိ​လျှင် ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​သွား​နိုင်​သ​ဖြင့် သူ​၌​မ​ယား များ​စွာ​မ​ရှိ​စေ​ရ။ ရွှေ၊ ငွေ​လည်း​များ​စွာ မ​ရှိ​စေ​ရ။-


ဒါ​ဝိဒ်​သည်​ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင် နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​ထား​ပြီး​ဖြစ်​သော် လည်း ယ​ခု​အဘိ​ဂဲ​လ​အား​လည်း​မိ​မိ​၏ ဇ​နီး​အ​ဖြစ်​ဖြင့်​သိမ်း​ပိုက်​လိုက်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ