Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 3:21 - Myanmar Common Language Zawgyi Version

21 အာ​ဗ​နာ​က​ဒါဝိဒ်​အား``အ​ကျွန်ုပ်​သည်​ယ​ခု သွား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး ကို​အ​ရှင်​မင်း​ကြီး​၏​ဘက်​သို့​ပါ​အောင်​ဆောင် ရွက်​ပေး​ပါ​မည်။ သူ​တို့​သည်​အ​ရှင့်​အား​မိ​မိ တို့​၏​ဘု​ရင်​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ကြ ပါ​လိမ့်​မည်။ ထို​အ​ခါ​အ​ရှင်​သည်​မိ​မိ​ဆန္ဒ ရှိ​နှင့်​ထား​သည့်​အ​တိုင်း​ဣသ​ရေ​လ​ပြည် တစ်​ခု​လုံး​ကို​အုပ်​စိုး​ရ​ပါ​လိမ့်​မည်'' ဟု လျှောက်​၏။ ဒါ​ဝိဒ်​သည်​အာ​ဗ​နာ​အား ဘေး​မဲ့​ထွက်​ခွာ​သွား​စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 အာဗနာ​က ဒါဝိဒ်​မင်းကြီး​အား “​အစ္စရေး​တစ်မျိုးနွယ်လုံး​အရှင်မင်းကြီး​ထံ​ရောက်လာ​၍ အရှင့်​ထံ၌ ကတိသစ္စာ​ခံ​ကြ​မည့်​အကြောင်း​၊ အရှင်မင်းကြီး​စိတ်​ရှိ​သည့်​အတိုင်း သူ​တို့​ကို အုပ်စိုး​နိုင်​မည့်​အကြောင်း အကျွန်ုပ်​ထသွား​၍ သူ​တို့​ကို စုရုံး​ပါ​မည်​”​ဟု ဆို​လျှင် ဒါဝိဒ်​မင်းကြီး​ပြန်ခွင့်ပြု​သဖြင့် အာဗနာ​လည်း အေးချမ်း​စွာ​ပြန်သွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

21 အာ​ဗ​နာ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​လို​တော်​ရှိ​သ​မျှ​အ​တိုင်း​စိုး​စံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကျွန်​တော်​ထ​သွား၍ ထို​သူ​အ​ပေါင်း​တို့​ကို ကျွန်​တော်​သ​ခင်၊ ကျွန်​တော်​ရှင်​ဘု​ရင်​ထံ​တော်၌ စု​ဝေး​စေ​ပါ​မည်​ဟု​လျှောက်​ပြီး​မှ၊ ဒါ​ဝိဒ်​လွှတ်​လိုက်၍ သူ​သည် ငြိမ်​ဝပ်​စွာ​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 3:21
8 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​ထို​မြို့​တွင်​ဂိ​လဒ်​နယ်၊ အာ​ရှာ​နယ်၊ ယေ​ဇ​ရေ​လ​နယ်၊ ဧ​ဖ​ရိမ်​နယ်၊ ဗင်္ယာ​မိန်​နယ် အ​စ​ရှိ​သော​ဣသ​ရေ​လ​ပြည်​တစ်​ခု​လုံး​အ​တွက် ဣ​ရှ​ဗော​ရှက်​အား​မင်း​မြှောက်​လေ​သည်။-


ထို​အ​ချိန်​၌​ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​တွင်​ရှိ နေ​သ​ဖြင့် အာ​ဗ​နာ​သည်​သူ​၏​ထံ​သို့​စေ​တ​မန် များ​ကို​လွှတ်​၍``ဤ​ပြည်​ကို​အ​ဘယ်​သူ​အုပ်​စိုး ပါ​မည်​နည်း။ အ​ကျွန်ုပ်​နှင့်​သစ္စာ​ဖွဲ့​တော်​မူ​လျှင် အ​ရှင့်​ဘက်​သို့​ဣသ​ရေ​လ​တစ်​ပြည်​လုံး​ပါ လာ​စေ​ရန်​အ​ကျွန်ုပ်​ကူ​ညီ​ဆောင်​ရွက်​ပေး​ပါ မည်'' ဟု​လျှောက်​စေ​၏။


အာ​ဗ​နာ​သည်​လူ​နှစ်​ကျိပ်​နှင့်​ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ် သည်​သူ​တို့​အား​စား​ပွဲ​တည်​ခင်း​ကျွေး​မွေး​၏။-


ထို့​ကြောင့်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​အ​ပေါင်း​တို့ သည် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​လာ​ကြ ၏။ ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် သူ​တို့​နှင့်​သစ္စာ​က​တိ​ပြု​တော်​မူ​သ​ဖြင့် သူ တို့​က​ဒါ​ဝိဒ်​အား​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။-


အ​ချင်း​ယေ​ရော​ဗောင်၊ ငါ​သည်​သင့်​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ခန့်​ထား​မည်။ သင်​သည်​မိ​မိ​အ​လို​ရှိ သော​နယ်​မြေ​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။-


အ​ရှင်​မင်း​ကြီး​၏​လို​အင်​ဆန္ဒ​ကို​ပြည့်​ဝ​စေ တော်​မူ​၍ အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့​ကို​လည်း​အောင် မြင်​စေ​ရန် ကူ​မ​တော်​မူ​ပါ​စေ​သော။


အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည်​ကား​ကိုယ့် အ​ကျိုး​ကို​သာ​လျှင်​ရှာ​ကြ​၏။ ယေ​ရှု​ခ​ရစ် ၏​အ​ကျိုး​ကို​မ​ရှာ​ကြ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ