Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 24:18 - Myanmar Common Language Zawgyi Version

18 ထို​နေ့​၌​ပင်​လျှင်​ဂဒ်​သည်​ဒါ​ဝိဒ်​ထံ​သွား ၍``အ​ရှင်​သည်​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န ၏​ကောက်​နယ်​တ​လင်း​၌​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လော့'' ဟု ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ဆင့်​ဆို လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထို​နေ့​တွင် ဂဒ်​သည် ဒါဝိဒ်​မင်းကြီး​ထံသို့​လာ​၍ “ယေဗုသိ​လူမျိုး အရောန​၏​ကောက်နယ်တလင်း​နား​သို့ တက်သွား​၍ ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​ကို တည်​လော့​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

18 ထို​နေ့​ချင်း​တွင် ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကြွ​ပါ။ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်​ဟု၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 24:18
6 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ အာ​တဒ် အ​မည်​ရှိ​ကောက်​နယ်​တ​လင်း​သို့​ရောက်​ရှိ​ကြ သော​အ​ခါ ဟစ်​အော်​၍​ငို​ကြွေး​မြည်​တမ်း​ကြ ၏။ ထို​အ​ရပ်​တွင်​ယော​သပ်​သည် ယာ​ကုပ်​အ​တွက် ခု​နစ်​ရက်​ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​သည့်​ပွဲ ကို​ကျင်း​ပ​လေ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​၏​ပု​ရော​ဟိတ် ဖြစ်​သူ​ပ​ရော​ဖက်​ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ် ထံ​သို့​သွား​လော့။ ငါ​ပြု​ရန်​ရှိ​သည့်​အ​မှု သုံး​ခု​အ​နက်​သူ​ကြိုက်​နှစ်​သက်​ရာ​တစ်​ခု ကို​ရွေး​ချယ်​နိုင်​ကြောင်း​ပြော​ကြား​လော့။ သူ ရွေး​ချယ်​ရာ​ကို​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။ နောက်​တစ်​နေ့​နံ​နက်​အ​ချိန်​ဒါ​ဝိဒ်​အိပ်​ရာ မှ​ထ​တော်​မူ​သော​အ​ခါ၊-


ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် အ​တိုင်း အ​ရော​န​၏​ကောက်​နယ်​တ​လင်း​သို့ သွား​တော်​မူ​၏။-


ရှော​လ​မုန်​မင်း​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း သည် ဗိ​မာန်​တော်​တည်​ဆောက်​ရာ​အ​ရပ်​ကို ပြင်​ဆင်​ထား​ခဲ့​ပြီး​ဖြစ်​သည်။ ထို​အ​ရပ်​မှာ ယေ​ရု​ရှ​လင်​မြို့၊ မော​ရိ​တောင်​ပေါ်၊ ယေ​ဗု​သိ အ​မျိုး​သား​အ​ရော​န​၏​ကောက်​နယ်​တ​လင်း ဖြစ်​သည်။ ရှော​လ​မုန်​သည်​ဗိ​မာန်​တော်​တည် ဆောက်​မှု​ကို​နန်း​စံ​စတုတ္ထ​နှစ်​ဒု​တိ​ယ​လ ၌​အ​စ​ပြု​သ​တည်း။-


သူ​သည်​သွေး​ပါ​သည့်​အ​သား​ကို​သော်​လည်း ကောင်း၊ အ​ခြား​တား​မြစ်​ရာ​ပါ​အ​စား​အ​စာ ကို​သော်​လည်း​ကောင်း​စား​ကြ​တော့​မည်​မ​ဟုတ်။ အ​သက်​မ​သေ​ဘဲ​ကြွင်း​ကျန်​နေ​သူ​မှန်​သ​မျှ သည် ငါ​၏​လူ​မျိုးတော်​တွင်​ပါ​၍​လာ​ကြ​လိမ့် မည်။ သူ​တို့​သည်​ယု​ဒ​အ​နွယ်​ဝင်​သား​ချင်း စု​တစ်​စု​ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။ ဧ​ကြုန်​မြို့ သား​တို့​သည်​ယေ​ဗု​သိ​မြို့​သား​များ​နည်း တူ​ငါ​၏​လူ​မျိုး​တွင်​အ​ပါ​အ​ဝင်​ဖြစ် လာ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ