၂ ဓမ္မရာဇဝင် 2:16 - Myanmar Common Language Zawgyi Version16 လူတိုင်းပင်မိမိတိုက်ခိုက်ရသူနှင့်အပြန်အလှန် ဦးခေါင်းကိုကိုင်၍ နံဘေးကိုဓားနှင့်ထိုးလျက် သူတို့အားလုံးပင်လဲ၍သေကြကုန်၏။ ဤ အကြောင်းကြောင့်ဂိဗောင်နယ်ရှိဤအရပ် ကို``ဓားကွင်း'' ဟူ၍ခေါ်ဆိုသမုတ်ကြလေ သည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်16 ပြိုင်ဖက်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ခေါင်းကိုဖမ်းဆွဲ၍ နံဘေးကို ဓားနှင့်ထိုးကြရာ အားလုံးလဲကျသေဆုံးကြလေ၏။ ထို့ကြောင့် ဂိဗောင်မြို့ရှိ ထိုနေရာကို ဟေလကသဇ္ဇုရိမ် ဟုခေါ်ဆိုကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 သူတို့သည် လူချင်းတိုက်၍ လူတိုင်း မိမိတိုက်ဖက်၏ ခေါင်းကိုကိုင်လျက်၊ နံဘေးကိုဓားနှင့်ထိုးလျက် တစ်စုတည်း လဲသေကြ၏။ သို့ဖြစ်၍ ဂိဗောင်မြို့နယ်၌ရှိသော ထိုအရပ်ကို ဟေလကသဇ္ဇုရိမ်ဟူသော အမည်ဖြင့် သမုတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
အာဗနာကယွာဘအား``ငါတို့သည်အစဉ်အမြဲ ဆက်လက်တိုက်ခိုက်နေရကြပါမည်လော။ နောက်ဆုံး ၌စိတ်နာမှုမှတစ်ပါးအဘယ်အကျိုးမျှရှိမည် မဟုတ်ကြောင်း သင်မသိမမြင်ပါသလော။ ငါတို့ သည်သင်တို့နှင့်တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်သူများဖြစ်ပါ၏။ ငါတို့အားလိုက်လံ တိုက်ခိုက်မှုကိုရပ်စဲကြစေရန် သင်၏လူတို့ အားအမိန့်မပေးဘဲအဘယ်မျှကြာအောင် ဆိုင်းငံ့နေပါဦးမည်နည်း'' ဟုဟစ်အော်၍ ပြော၏။